မနေ့ညက ကစားခဲ့တဲ့ စပိန်ကိုပါဒယ်ရေး ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာတော့ စပိန် အင်အားကြီးအသင်းနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ဘီလ်ဘာအိုအသင်းနဲ့ ဆိုစီဒက်အသင်းတို့ကို အရေးနိမ့်ကာ ပြိုင်ပွဲကနေ တစ်ပြိုင်နက်တည်း ထွက်ခွာခဲ့ကြရပါတယ်။

Photo Credit: Standard.com

ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်း ဘာနေဗျူးမှာ ဆိုစီဒက်အသင်းကို ဧည့်ခံ ကစားခဲ့ရပေမယ့် ခြေစွမ်းပိုင်းမှာ နိမ့်ပါးခဲ့ကာ သုံးဂိုး လေးဂိုးဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းကို နောက်ဆုံးမိနစ်သွင်းဂိုး ပေးခဲ့ရကာ ရှုံးနိမ့်ခဲ့ရတာပါ။

Photo Credit: Standard.com

ယခုလို ဘာစီလိုနာအသင်းရော ၊ ရီးရဲလ်မက်ဒရစ်အသင်းကပါ နေ့ရက်တစ်ရက်တည်းမှာ တစ်ပြိုင်နက်တည်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဟာ နှစ်ပေါင်း ၆၅နှစ်အတွင်း ပထမဦးဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံးအကြိမ် ပြိုင်တူ ထွက်ခွာခဲ့ရတာဟာ ၁၉၅၅ခုနှစ် မှာ ဖြစ်တယ်လို့လည်း မှတ်တမ်းမှတ်ရာတွေအရ သိရှိထားရပါတယ်။