စပိန်ထိပ်သီးကလပ်တစ်ခုဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက်အရွယ်ရလာပြီ ဖြစ်တဲ့ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဘန်ဇီမာရဲ့ နေရာအတွက် အင်တာမီလန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တိုက်စစ်မှူး မာတီနက်စ်ကို ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့အတူ အပြိုင်ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ စပိန်အခြေစိုက် သတင်းတွေက ဖော်ပြသွားကြပါတယ်။

Photo Credit: Marca.com

အသက်၂၂နှစ်အရွယ် အာဂျင်တီးနားနိုင်ငံသား မာတီနက်စ်ဟာ လက်ရှိဘောလုံးရာသီမှာ အသင်းဖော်သစ် လူကာကူနဲ့တွဲဖက်ကာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံးဦးဆောင်ပြနေသူ တစ်ဦးဖြစ်ပြီး အသင်းအတွက် စီးရီးအေပွဲစဉ် ၂၁ပွဲ ကစားပေးထားချိန်မှာ ၁၁ဂိုးသွင်းယူပေးထားပြီး ၁ဂိုး ဖန်တီးပေးထားနိုင်သူပါ။

Photo Credit: Marca.com

လက်ရှိမှာတော့ မာတီနက်စ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက နီးစပ်နေတာဖြစ်ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီရဲ့ ဆွဲဆောင်မှုနဲ့ မာတီနက်စ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင်၉၂သန်းနဲ့ ခေါ်ယူနိုင်ဖို့ ယုံကြည်ချက် ရှိနေပါတယ်။ ဒါပေမယ့် နောက်ဆုံးရသတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာလည်း မာတီနက် ကို စိတ်ဝင်စားလာခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ကို အလိုက်ပေးကာ ကမ်းလှမ်းမှု ပြုလုပ်တော့မယ် လို့ သိရပါတယ်။

Photo Credit: Marca.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရီးရဲလ်ဟာ ဘေးလ်ကို ပေါင် ၅၀သန်းဝန်းကျင် တန်ကြေး သတ်မှတ်ကာ ဘေးလ်နဲ့အတူ ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းကနေ ၆၀သန်းအကြားပေးကာ မာတီနက်စ်ကို ကမ်းလှမ်းမယ်လို့ သိရှိရပါတယ်။ ဂါရတ်ဘေးလ်ဟာ လက်ရှိဘောလုံး ရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါပွ​ဲ ၁၄ပွဲပါဝင်ကစားပေးထားရာမှာ ၂ဂိုးသွင်းယူကာ ၂ဂိုးဖန်တီးပေးထားနိုင်သူပါ။