လတ်တလောမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ တောက်လျှောက်ထွက်ပေါ်လို့နေတဲ့ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ဂ်ဟာ ယူနိုက်တက်နည်းပြဖြစ်လာဖို့ ရေပန်းစားနေချိန်မှာပဲ ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းကပါ တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ပြီး တန်ဟက်ဂ်ကိုယ်တိုင်ကပါ ကမ်းလှမ်းမှုကို စဉ်းစားလျက် ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Erik ten Hag is said to be 'seriously considering' Leipzig's offer

Photo Credit : The Sun

နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ လာမယ့်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ့်သူလို့ ရေပန်းစားနေတာ ဖြစ်ပေမယ့်လည်း မထင်မှတ်ပဲ လိုက်ပ်ဇစ်အသင်းက တန်ဟက်ဂ်ကို ယူနိုက်တက်နည်းပြသစ် ဖြစ်မလာခင်မှာပဲ သူတို့အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့အတွက် တန်ဟက်ဂ်ရဲ့ အေးဂျင့်အဖွဲ့ကို ဆက်သွယ်လာခဲ့တယ်လို့ နယ်သာလန် အခြေစိုက် သတင်းမီဒီယာ De Telegraaf ကနေ ဖော်ပြလာခဲ့ပါတယ်။

Erik ten Hag: Manchester United manager closing in on appointment of Ajax  boss | Football News | Sky Sports

Photo Credit : Sky Sports

လိုက်ပ်ဇစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ တတိယနေရာနဲ့ ရာသီသိမ်းနိုင်အောင် ကြိုးပမ်းနေတာဖြစ်သလို လာမယ့်နှစ်တွေအတွင်းမှာလည်း ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့လို ဘွန်ဒစ်လီဂါ ထိပ်သီးအသင်းတွေနဲ့ကြား ကွာဟချက်တွေကို လျှော့ချနိုင်ဖို့အတွက် တန်ဟက်ဂ်လို အရည်အသွေးမြင့် နည်းပြတစ်ဦးကို လိုအပ်နေတာဖြစ်ပြီး တန်ဟက်ဂ်အနေနဲ့ကလည်း အသင်းကို အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ လိုက်ပ်ဇစ်ဘက်က ယုံကြည်နေပါတယ်။ ဒါကြောင့်ပဲ လိုက်ပ်ဇစ်အသင်းဟာ နည်းပြတန်ဟက်ဂ်အတွက် အေဂျက်စ်အသင်းကို လျော်ကြေးငွေ ပေါင်(၁.၆)သန်း ပေးချေသွားဖို့ ပြင်ဆင်နေတယ်လို့ပါ သိရပါတယ်။ ထပ်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရလည်း တန်ဟက်ဂ်အနေနဲ့ အသင်းအတွင်း အဆင်မပြေမှုတွေ များပြားလို့နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အပြင် ယူရိုပါလိ်ဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ရနိုင်တဲ့ ယူနိုက်တက်အသင်းထက် လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ပါဝင်ကစားခွင့် ရှိနေပြီး အသင်းအတွင်း စိတ်ဝင်စားဖွယ် ပရောဂျက်တွေကြောင့် လိုက်ပ်ဇစ်ကို ပိုမို ဦးစားပေး စဉ်းစားလာနိုင်တယ်လို့ပါ ဖော်ပြလာပါတယ်။ ယူနိုက်တက်ကတော့ တန်ဟက်ဂ်ကို လွဲချော်ခဲ့မယ်ဆိုရင် ပီအက်စ်ဂျီနဲ့ လက်တွဲဖြုတ်ရတော့မယ့် စပါးနည်းပြဟောင်း ပိုချက်တီနိုကိုသာ ပြန်လည်အာရုံစိုက်လာနိုင်ပါတယ်။