MySport Myanmar

ယူနိုက်တက်ကို ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းနေရာမှာ ပြန်မြင်ချင်တယ်ဆိုတဲ့ ဆာဂျင်ရက်ကလစ်ဖ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပူးတွဲ ပိုင်ရှင်သစ် ဖြစ်လာခဲ့သူ ဗြိတိန် ဘီလျံနာကြီး ဆာဂျင်ရက်ကလစ်ဖ်က ကလပ်အသင်း ရှယ်ယာ (၂၅)%ကို ဝယ်ယူလို့အပြီး အသင်းကို ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းနေရာမှာ ပြန်မြင်ချင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ စတုတ္ထမြောက် အကြီးမားဆုံးဖြစ်တဲ့ ဓာတုထုတ်လုပ်မှု ကုမ္မဏီကြီး INEOS ဥက္ကဌ ဆာဂျင်ရက်ကလစ်ဖ်ဟာ မနေ့ညကပဲ ယူနိုက်တက်အသင်းရဲ့ ဂလေဇာမိသားစုပိုင် ရှယ်ယာများထဲက အစုရှယ်ယာ (၂၅)%ကို တရားဝင် ဝယ်ယူခဲ့ပြီးနောက် အသင်းရဲ့ ဘောလုံးလုပ်ငန်းဆိုင်ရာကို စီမံခန့်ခွဲသွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

အခုလို ယူနိုက်တက်အသင်းကို ဝယ်ယူနိုင်ခဲ့ပြီးနောက် ဆာဂျင်ရက်ကလစ်ဖ်က “”ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်က ရှင်းပါတယ်။ ကျွန်တော်တို့အားလုံးက အင်္ဂလိပ်၊ ဥရောပနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းနေရာမှာ မန်ချက်စတာယူနိုက်တက်ကို ပြန်မြင်ချင်ကြပါတယ်။

“ဒီကလပ်အသင်းကို တစ်သက်လုံး အားပေးခဲ့သူအနေနဲ့ ကလပ်ရဲ့ ရှယ်ယာ တစ်စိတ်တစ်ပိုင်းကို ဝယ်ယူဖို့ သဘောတူညီမှု ရရှိနိုင်ခဲ့တာကို အရမ်း ဝမ်းသာမိပါတယ်။ ဒါက ကလပ်အသင်းရဲ့ ဘောလုံးလုပ်ငန်းများကို စီမံခန့်ခွဲဖို့အတွက် တာဝန်ယူ ဆောင်ရွှက်ဖို့ တာဝန်ခွဲပေးလိုက်တာပါပဲ။”

Photo Credit : Sky News

“ကျွန်တော်တို့တွေက ကမ္ဘာ့အသိပညာတွေ ၊ ကျွမ်းကျင်မှုတွေ ၊ အရည်အချင်းတွေ အားလုံးနဲ့ ကလပ်အသင်းကို ပိုမို တိုးတက်ကောင်းမွန်လာစေဖို့ ကူညီပေးသွားမှာပါ။ နောက်ပြီးတော့ အိုးထရက်ဖို့ဒ်မှာ အနာဂတ် ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်သွားဦးမှာပါ။”

“ကျွန်တော်တို့က ဒီမှာ ရေရှည်ရှိနေမှာဖြစ်ပြီး စိန်ခေါ်မှုတွေ အများကြီးနဲ့ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်မှုတွေ ရှိနေမယ်ဆိုတာကို နားလည်ထားပါတယ်။ ကျွန်တော်တို့တွေက တိကျသေချာပြီး ကျွမ်းကျင်မှု စိတ်အားထက်သန်မှုတွေနဲ့ ချဉ်းကပ် လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့အားလုံးက ဒီကလပ်အသင်းမှာ ရှိနေတဲ့ လူတိုင်းနဲ့ လက်တွဲပြီး အသင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version