MySport Myanmar

ကက်စီမဲရိုးနေရာမှာ ဘာကလေနဲ့ အစားထိုးသွားချင်နေတဲ့ ဆာဂျင်ရက်ကလစ်ဖ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဗြိတိန် ဘီလျံနာကြီး ဆာဂျင်ရက်ကလစ်ဖ်က လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ကွင်းလယ်လူ ကက်စီမဲရိုးရဲ့နေရာမှာ လူတန်တောင်း ကွင်းလယ်ကစားသမား ရော့စ် ဘာကလေနဲ့ ပြန်လည် အစားထိုးသွားချင်နေပါတယ်။

ဘရာဇီးလ် လက်ရွေးစင် ဝါရင့် ကွင်းလယ်ကစားသမားကြီး ကက်စီမဲရိုးဟာ ရီးယဲလ်မက်ဒရစ်က ယူနိုက်တက်ဆီ ရောက်ရှိလာတဲ့ ဘောလုံးရာသီမှာပဲ ယူနိုက်တက်အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာတွေနဲ့ ရုန်းကန်ရင်း ပုံမှန်ခြေစွမ်းပါ ပျောက်ဆုံးနေရပါတယ်။

Photo Credit : The Mirror

ဒါ့အပြင် ဆော်ဒီထိပ်သီး ကလပ်အသင်းတွေကလည်း ကက်စီမဲရိုးကို ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေလျက်ရှိပြီး ယူနိုက်တက်အနေနဲ့ကလည်း အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကက်စီမဲရိုးကို သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချသွားဖွယ်လည်း ရှိနေပါတယ်။

ဒီလို ကက်စီမဲရိုးကိုသာ ရောင်းချပြီးရင် သူ့နေရာအတွက် အဲဗာတန်နဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ဘာကလေနဲ့ ပြန်လည် အစားထိုးသွားဖို့အတွက် ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က အလိုရှိနေပါတယ်။

Photo Credit : Daily Mail

ဆာဂျင်ရက်ကလစ်ဖ် နဲ့ ဘာကလေတို့က ဆာဂျင်ရဲ့ နောက်ထပ် ကလပ်အသင်းဖြစ်တဲ့ လီဂူးကလပ် နိုက်စ်အသင်းမှာလည်း လက်တွဲခဲ့ဖူးသူတွေဖြစ်ပြီး အခုလည်း ဘာကလေက ပရီးမီးယားလိဂ် တန်းတက်ကလပ် လူတန်တောင်းအသင်းမှာ ခြေစွမ်းပြသလျက် ရှိနေပါတယ်။

အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဘာကလေဟာ အဲဗာတန်အသင်းနဲ့အတူ တောက်ပခဲ့သူ ဖြစ်ပေမယ့်လည်း ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့သွားချိန်မှာတော့ flop player ဖြစ်သွားခဲ့ရပြီး အဲ့ဒီနောက်ပိုင်း ဘာကလေရဲ့ ကစားသမားဘဝလည်း ကျဆင်းသွားခဲ့ရပါတယ်။ အခုတော့ ဘာကလေကို ဆာဂျင်က သူရဲ့ ယူနိုက်တက်အသင်းဆီကိုပါ ခေါ်ဆောင်ချင်နေပြီ ဖြစ်ပါတယ်။

Exit mobile version