မန်စီးတီး ညာနောက်ခံ ကစားသမားဟောင်း ရစ်ချက်လ်က မန်ယူ တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ကသာ မန်စီးတီးအသင်းမှာ ကစားရင် တစ်ရာသီ ဂိုး (၄၀) သွင်းနိုင်တယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ ရက်ခ်ျဖို့ဒ်ဟာ မန်စီးတီးအသင်းကို (၃-၁) နဲ့ ရှုံးနိမ့်သွားခဲ့တဲ့ ကာရာဘောင် ဖလား ဆီးမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ မန်ယူအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းခဲ့ပါတယ်။
Photo Credit: Goal
Photo Credit: Goal
Photo Credit: Goal
{Unicode}
မန်စီးတီး ညာနောက်ခံ ကစားသမားဟောင်း ရစ်ချက်လ်က မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကသာ မန်စီးတီးအသင်းမှာ ကစားရင် တစ်ရာသီ ဂိုး (၄၀) သွင်းနိုင်တယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ ရက်ချ်ဖို့ဒ်ဟာ မန်စီးတီးအသင်းကို (၃-၁) နဲ့ ရှုံးနိမ့်သွားခဲ့တဲ့ ကာရာဘောင် ဖလား ဆီးမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ မန်ယူအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းခဲ့ပါတယ်။
Photo Credit: Goal
ရက်ချ်ဖို့ဒ်ဟာ လက်ရှိရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၇) ဂိုး သွင်းယူထားပြီ ဖြစ်ပေမဲ့ ရစ်ချက်လ်က မန်စီးတီးအသင်းမှာ ကစားမယ် ဆိုရင် (၁၇) ဂိုးထက် ပို သွင်းနိုင်တယ်လို့ ယုံကြည်နေပါတယ်။ မန်စီးတီး နောက်ခံလူဟောင်း ရစ်ချက်လ်ကတော့ မန်ယူ ကွင်းလယ် နဲ့ မန်စီးတီး ကွင်းလယ်ကို နှိုင်းယှဉ်ခဲ့ပြီး မန်စီးတီး ကွင်းလယ်က တိုက်စစ်ကို ပိုပံ့ပိုးနိုင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Photo Credit: Goal
ရစ်ချာလ်က “ကျွန်တေ်ာ ရက်ချ်ဖို့ဒ်အတွက် အနည်းငယ် စိတ်မကောင်းပါဘူး။ ဘာလို့လဲဆိုရင် သူ မန်စီးတီးအသင်းမှာသာ ကစားမယ် ဆိုရင် တစ်ရာသီမှာ ဂိုး (၄၀) သွင်းယူနိုင်မှာ ဖြစ်လို့ပါပဲ။ တခါတခါ တိုက်ပြန်တိုက်စစ်က အလုပ်မဖြစ်ပါဘူး။ မန်စီးတီးကွင်းလယ် နဲ့ မန်ယူကွင်းလယ်ကို နှိုင်းယှဉ်ရင် ဒီဘရိူင်းရဲ့ ပထမ ဦးစားပေးက တိုက်စစ်ကို ဘောလုံး ပေးဖို့ပါ”လို့ ပြောခဲ့ပါတယ်။
Photo Credit: Goal
မန်ယူအသင်းဟာ မန်စီးတီးအသင်းကို ပထမအကျော့ အိမ်ကွင်းမှာ (၃-၁) နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကာရာဘောင် ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ အနည်းငယ် ခက်ခဲသွားခဲ့ပြီ ဖြစ်နေပါတယ်။ မန်စီးတီးအသင်း နဲ့ မန်ယူအသင်းတို့ဟာ လာမယ့် ဇန်နဝါရီလ (၂၉) ရက်နေ့မှာ ဒုတိယအကျော့ ပွဲစဉ် ကစားမှာ ဖြစ်ပြီး မန်စီးတီးအသင်းက နောက်တစ်ဆင့် တက်ဖို့ ပိုနီးစပ်နေပြီ ဖြစ်ပါတယ်။