မန်ယူ တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ဟာ ယခုအပတ် တနင်္ဂနွေနေ့ည လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ “ဒဏ်ရာ သက်သာဆေး – Pain Killer” ကိုထိုးပြီး ကစားမှာ ဖြစ်တယ်လို့ DailyMail သတင်းက ဖော်ပြပါတယ်။ တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ဟာ ကြားရက်က ဝုဗ်လ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ပွဲစဉ်မှာတော့ ဒုတိယပိုင်းမှာ ဝင်ရောက် ကစားလာခဲ့ပြီး ဒိုဟာတီရဲ့ ဖြတ်ထုတ်မှုကနေ ကျာကုန်းဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားပြန်လဲခံလိုက်ရပါတယ်။


မန်ယူအသင်းဟာ အက်ဖ်အေ ဖလား ပြန်ကန်ပွဲစဉ်မှာ ဝုဗ်လ်အသင်းကို (၁-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် အက်ဖ်အေ ဖလား စတုတ္ထအဆင့်ကို တက်သွားခဲ့ပြီး ပျော်စရွာ ဖြစ်ခဲ့ပေမဲ့လည်း ရက်ခ်ျဖို့ဒ်ကို ဆုံးရှုံးရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သတင်းကောင်းကတော့ ရက်ခ်ျဖို့ဒ်ဟာ သူ့ရဲ့ ဒဏ်ရာကို ဆေးစစ်တဲ့ အချိန်မှာ ဆိုးဆိုးရွားရွား မဟုတ်ခဲ့တာကြောင့် လာမယ့် တနင်္ဂနွေနေ့ည (၁၁း၀၀) အချိန်၊ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်တယ်လို့ DailyMail က ဖော်ပြပါတယ်။

နော်ဝှစ်ခ်ျနဲ့ ပွဲစဉ်က မြင်ကွင်း၊ နော်ဝှစ်ချ်နဲ့ ပွဲစဉ်က မြင်ကွင်း၊

Photo Credit: Dailymail

ရက်ခ်ျဖို့ဒ်ဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲစလုံး ကစားထားပြီး သွင်းဂိုး (၁၄) ဂိုး နဲ့ ဂိုးဖန်တီးမှုကြောင့် (၄) ကြိမ် ပြုလုပ်ခဲ့တာကြောင့် မန်ယူအသင်းအတွက် ဂိုးလာရာ အဓိက လမ်းကြောင်း ဖြစ်နေခဲ့ပါတယ်။ ရက်ခ်ျဖို့ဒ်ဟာ ဒဏ်ရာသက်သာစက်တွေကိုလည်း အသုံးပြုခဲ့ပြီး နော်ဝှစ်ခ်ျအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း “Melmak Bone Healer – အရိုးအက်ကွဲ ဒဏ်ရာသက်သာစက်”ကို အသုံးပြုခဲ့တယ်လို့ သိရပြီး၊ လီဗာပူးလ်နဲ့ ပွဲစဉ်မှာလည်း “Pain Killer”ကို အသုံးပြု ကစားလာဖွယ် ရှိနေပါတယ်။

{Unicode}

မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ယခုအပတ် တနင်္ဂနွေနေ့ည လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ “ဒဏ်ရာ သက်သာဆေး – Pain Killer” ကိုထိုးပြီး ကစားမှာ ဖြစ်တယ်လို့ DailyMail သတင်းက ဖော်ပြပါတယ်။ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ကြားရက်က ဝုဗ်လ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ပွဲစဉ်မှာတော့ ဒုတိယပိုင်းမှာ ဝင်ရောက် ကစားလာခဲ့ပြီး ဒိုဟာတီရဲ့ ဖြတ်ထုတ်မှုကနေ ကျာကုန်းဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားပြန်လဲခံလိုက်ရပါတယ်။

Photo Credit: Dailymail

မန်ယူအသင်းဟာ အက်ဖ်အေ ဖလား ပြန်ကန်ပွဲစဉ်မှာ ဝုဗ်လ်အသင်းကို (၁-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် အက်ဖ်အေ ဖလား စတုတ္ထအဆင့်ကို တက်သွားခဲ့ပြီး ပျော်စရွာ ဖြစ်ခဲ့ပေမဲ့လည်း ရက်ချ်ဖို့ဒ်ကို ဆုံးရှုံးရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သတင်းကောင်းကတော့ ရက်ချ်ဖို့ဒ်ဟာ သူ့ရဲ့ ဒဏ်ရာကို ဆေးစစ်တဲ့ အချိန်မှာ ဆိုးဆိုးရွားရွား မဟုတ်ခဲ့တာကြောင့် လာမယ့် တနင်္ဂနွေနေ့ည (၁၁း၀၀) အချိန်၊ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်တယ်လို့ DailyMail က ဖော်ပြပါတယ်။

နော်ဝှစ်ခ်ျနဲ့ ပွဲစဉ်က မြင်ကွင်း၊ နော်ဝှစ်ချ်နဲ့ ပွဲစဉ်က မြင်ကွင်း၊

Photo Credit: Dailymail

ရက်ချ်ဖို့ဒ်ဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲစလုံး ကစားထားပြီး သွင်းဂိုး (၁၄) ဂိုး နဲ့ ဂိုးဖန်တီးမှုကြောင့် (၄) ကြိမ် ပြုလုပ်ခဲ့တာကြောင့် မန်ယူအသင်းအတွက် ဂိုးလာရာ အဓိက လမ်းကြောင်း ဖြစ်နေခဲ့ပါတယ်။ ရက်ချ်ဖို့ဒ်ဟာ ဒဏ်ရာသက်သာစက်တွေကိုလည်း အသုံးပြုခဲ့ပြီး နော်ဝှစ်ချ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း “Melmak Bone Healer – အရိုးအက်ကွဲ ဒဏ်ရာသက်သာစက်”ကို အသုံးပြုခဲ့တယ်လို့ သိရပြီး၊ လီဗာပူးလ်နဲ့ ပွဲစဉ်မှာလည်း “Pain Killer”ကို အသုံးပြု ကစားလာဖွယ် ရှိနေပါတယ်။