ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ဖြစ်သူ မားကပ် ရက်ဖို့ဒ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ EFLဖလားရဲ့ ၁၆သင်းအဆင့် ပွဲစဉ်မှာ ဘန်လေကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းဟာ EFLဖလားကို အရယူနိုင်အောင် ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က EFLဖလားရဲ့ ၁၆သင်းအဆင့် ပွဲစဉ်အဖြစ် ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ အဓိက ကွင်းလယ်လူ အဲရစ်ဆင်နဲ့ အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက် ၂-၀ ဘန်လေ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အများအပြားကို ထုတ်သုံးခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ကစားပုံအရ ပိုမို အသာစီး ရခဲ့သလို နှစ်ဖက်အသင်းရဲ့ ကစားသမားတွေ ကြားထဲမှာ အရည်အသွေး ကွာဟချက်လည်း ကြီးမားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အလွယ်တကူပဲ ဘန်လေကို အနိုင်ရခဲ့တာပါ။

EFLဖလားရဲ့ ကွာတားဖိုင်နယ်မှာတော့ လက်စတာ ၊ နယူးကာဆယ် ၊ ဆောက်သမ်တန် ၊ ဝုလ်ဗ် ၊ နော်တင်ဟမ် ဖောရက်စ် ၊ ချာလ်တန် ၊ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ပွဲမှာ အနိုင်ရတဲ့ အသင်းတို့သာ ကျန်ရှိတော့ပြီး မန်ချက်စတာ ယူနိုက်တက်ကသာ မန်ချက်စတာ စီးတီး (သို့) လီဗာပူးတို့နဲ့သာ မဆုံတွေ့ခဲ့ရင် လွယ်လင့်တကူ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ချေ ရှိပါတယ်။

Photo Credit: The Sun

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် ၂-၀ ဘန်လေ ပွဲစဉ်မှာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်က သူတို့အသင်းဟာ EFLဖလားကို ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ပြောဆိုသွားခဲ့တာပါ။

ရက်ဖို့ဒ်က – “ကျွန်တော်တို့က ယှဉ်ပြိုင် ကစားရတဲ့ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲနိုင်အောင်ပဲ ပစ်မှတ်ထား ကြိုးစားသွားမှာပါ။ ဒီပြိုင်ပွဲက ကျွန်တော်တို့တွေ ဗိုလ်စွဲနိုင်ဖို့ အလားအလာကောင်းတွေ ရှိတဲ့ ပြိုင်ပွဲမျိုးပါ။ ဒါကြောင့် ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်။ ကျွန်တော်တို့က ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်ထားတာကြောင့် ဖေဖော်ဝါရီလမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ကြပါ။ ကျွန်တော်တို့က ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။