မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှားဟာ နောက်ကျောဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းရဲ့ တိုက်စစ် ကစားသမား မားကပ်ရက်ဖို့ဒ်ဟာ နောက်ထပ် လပေါင်းများစွာကြာအောင် အနားယူရဦးမှာ ဖြစ်တယ်လို့ ကလပ်ဘရုဂေးအသင်းနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

လက်ရှိဘောလုံးရာသီမှာ ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနေနိုင်တဲ့ မားကပ်ရက်ဖို့ဒ်ဟာ ဝုဗ်အသင်းနဲ့ပွဲမှာ ကျောရိုးကျိုးဒဏ်ရာ ရခဲ့တာဖြစ်ပြီး ကနဦး စမ်းသပ်မှုများအရ နှစ်လနီးပါးသာ အနားယူရမယ်လို့ သိရှိထားရပေမယ့် နောက်ဆုံး စစ်ဆေးမှုတွေအရ လပေါင်းများစွာ အနားယူရဦးမယ်လို့ သိရှိရပါတယ်။

Photo Credit: Metro.com

လက်ရှိဘောလုံးရာသီဟာ ရက်ဖို့ဒ်ရဲ့ ကစားသမားဘဝ အကောင်းဆုံး ဘောလုံးရာသီ ဖြစ်နေခဲ့ပြီး ယခုလို ဒဏ်ရာရခဲ့တာဟာ ရက်ဖို့ဒ် အတွက်ရော ယူနိုက်တက်အသင်းအတွက်ပါ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ ရက်ဖို့ဒ်ရဲ့ ဒဏ်ရာဟာ ထင်ထားတာထက် ပိုပြီး ပြင်းထန်မှုရှိကြောင်းနဲ့ ရာကီကုန်အထိ အနားယူရဖွယ်ရှိကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Metro.com

ရက်ဖို့ဒ်ဟာ လက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ပွဲအထိ ပါဝင်ကစားပေးထားပြီး ၁၄ဂိုးသွင်းယူထားကာ ၂ဂိုး ဖန်တီးပေးထားနိုင်သူပဲ ဖြစ်ပါတယ်။