မားကပ် ရက်ဖို့ ကတော့ လစ်ဇက်အသင်း နဲ့ ချန်ပီယံလိဂ် ပွဲမှာ ဟက်ထရစ် သွင်းပြီး ပြိုင်ဘက် အသင်းတွေ အပေါ်ကို သတိပေးလိုက်ပါတယ်။ မားကပ် ရက်ဖို့ဒ် ဟာ လစ်ဇက်အသင်း ကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ အပြီးမှာတော့ အိုးထရက်ဖို့ဒ်ဟာ အခြားအသင်းတွေ အတွက် ကြောက်စရာကောင်းတဲ့ နေရာတစ်နေရာ ပြန်ဖြစ်လာတော့မယ့် လက္ခဏာ ပြနေပြီ လို့ ပြောဆို သွားခဲ့ပါတယ်။

Photo Credit: Mirror

ရက်ဖို့ဒ်ဟာ ပွဲအစပိုင်းမှာ အရန်မှာသာ ပါဝင် ခဲ့ရပြီးတော့ ပွဲကစားချိန် မိနစ် ၆၀ ကျော်မှာမှ ပါဝင် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျန်ရှိတဲ့ မိနစ် ၃၀ အတွင်း ၃ ဂိုး သွင်းနိုင်ခဲ့ပြီးတော့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် လူစားလဲပြီးနောက် ဟက်ထရစ် သွင်းယူနိုင်တဲ့ ငါးယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် ရက်ဖို့ဒ် ရဲ့ ခြေစွမ်းကြောင့် ယူနိုက်တက် အနေနဲ့ ဒီရာသီ ရှုံးပွဲမရှိသေးပဲ ဘွန်ဒက်လီဂါ မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လစ်ဇက်အသင်း ကို အသာအယာ ပဲ အနိုင်ယူသွားနိုင်ခဲ့ပါတယ်။ ယူနိုက်တက် အနေနဲ့ အောက်တိုဘာလ အစပိုင်းလောက်မှာ တော့တင်ဟမ် ဟော့စပါးအသင်းကို အိမ်ကွင်းမှာ ၆ ဂိုး ၁ ဂိုး နဲ့ ပရီးမီးယားလိဂ်မှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ရက်ရှ်ဖို့ဒ် ကတော့ လိုက်ပ်ဇစ် ကို အနိုင်ရရှိလိုက်ခြင်းက ပြန်လာနိုင်မယ့် လက္ခဏာဖြစ်တယ်လို့ မျှော်လင့်နေပါတယ်။

Photo Credit: Mirror

“ ဒီ ရာသီ အိမ်ကွင်း ပထမ ဆုံး ပွဲစဉ်မှာ အနိုင်ရရှိဖို့က အရေးကြီးပါတယ်။ ဒီနေရာက ခံတပ်ကြီး လိုပါပဲ။ ဒါကြောင့်မို့ အနိုင်ရဖို့က အလွန် အရေးကြီးပါတယ်။ ဒီရာသီ အခြားပွဲ‌စဉ်တွေမှာလည်း အခုလို ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အသင်းကောင်း နှစ်သင်းနဲ့ ကစားအပြီးမှာ ရမှတ် ၆ မှတ် ရရှိထားပါပြီ။ ကျွန်တော်တို့ အုပ်စုထဲမှာ အခြေအနေ ကောင်းနေပါတယ်။ ဒီပုံစံကို ပရီးမီးယားလိဂ်ဆီ ဆက်ပြီး ယူသွားနိုင်ဖို့ မျှော်လင့်ပါတယ် ” ဆိုပြီး ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Photo Credit: Mirror

ဆက်လက်ပြီး ရက်ဖို့ဒ်က သူ့ရဲ့ သွင်းဂိုး သုံးဂိုးနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲ ဆက်လက် ပြောကြား သွားခဲ့ပါတယ်။ “ ဟက်ထရစ် သွင်းနိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ ကျွန်တော့် အတွက် အခုလို အရန်ခုံကနေ လူစားလဲခံရပြီးတော့ သွင်းဂိုးတွေ ရရှိခဲ့တာ လောက် ဘယ်အရာမှ မကောင်းနိုင်တော့ပါဘူး။ နည်းပြက ကျွန်တော့်ကို ပွဲအရှိန် မြှင့်စေချင်တယ် ထင်တယ်။ ကျွန်တော်တို့ နေရာလွတ်တွေ အများကြီး ရှာဖွေနိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ တိုက်စစ်ဆင်လိုက်တဲ့ အကြိမ်တိုင်း ဂိုးသွင်းနိုင်ခဲ့ပါတယ် ”

Photo Credit: Mirror

ဆိုးရှားလ်ကတော့ ယူနိုက်တက် အတွက် ဒီရာသီ ပြိုင်ပွဲစုံ ၇ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ရက်ဖို့ဒ် ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး တော်တော်လေး ဝမ်းသာ ပီတိ ဖြစ်နေပါတယ်။ “ မားကပ် က အံ့ဩဖို့ ကောင်းတဲ့ ကစားသမား တစ်ဦးပါ။ သူ လူစားလဲ အပြီးမှာပဲ တော်တော်လေး ကြိုးကြိုးစားစား ကစားခဲ့ပြီးတော့ မယုံနိုင်လောက်စရာတွေ အရာ‌ ‌တွေ လုပ်ပြခဲ့ပါတယ်။ ဒီလို ကစားသမားမျိုး ရထားတာဟာ ကျွန်တော် တို့ အတွက် အလွန်ကောင်းပါတယ်။ မားကပ်က သူ့ အခွင့် အရေး‌ တွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ အခုချိန်က မားကပ် အနေနဲ့ ရာသီအဆုံးမှာ ဘယ်နှဂိုး သွင်းနိုင်မလဲဆိုတာ စဉ်းစားချိန် မဟုတ်သေးပါဘူး။ သူ့အနေနဲ့ နောက်ပွဲတွေကိုပဲ အာရုံစိုက် ကစားရမှာပါ။ သူ ဒီပွဲမှာ မိနစ် ၃၀ ပဲ ကစားခဲ့ရတာပါ။ ဒါက နောက်ထပ် ခြေလှမ်း တစ်ခုပါ။ ခင်ဗျား အနေနဲ့ အများကြီး စဉ်းစားနေရင် အာရုံစူးစိုက်မှု လျော့သွားမယ်။ သူက အဲ့ဒီအချိန် အတွင်းလေးမှာ ဘယ်ဟာက အရေးကြီးတယ် ၊ ဘယ်ဟာက အရေးမကြီးဘူးဆိုတာကို အာရုံစိုက်နိုင်ခဲ့တယ်။ သူက အရံခုံကနေ ဝင်ရောက်ကစားခဲ့ပြီးတော့ အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပါတယ် ”