လက်စတာအသင်းနဲ့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အိမ်ရှင် မန်ချက်စတာယူနိုက်တက်ဘက်က အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ အက်ဒီဆင်ကာဗာနီတို့ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း နည်းပြရန်းနစ်က တိုက်စစ်ပိုင်းအတွက် ဖာနန်ဒက်စ် ဆန်ချို အီလန်ဂါတို့ကိုသာ အသုံးပြုသွားခဲ့ပြီး နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ မားကပ်စ်ရပ်ရှ်ဖို့ဒ်ကိုတော့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်သွားခဲ့ပါတယ်။

Photo Credit : Goal

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ရော်နယ်လ်ဒို ကာဗာနီတို့ ပါဝင်နိုင်ခြင်း မရှိတဲ့အတွက် မကြာသေးခင်ကမှ စာချုပ်သက်တမ်း တိုးမြှင့်ထားတဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို အထောင်တိုက်စစ်နေရာမှာထားပြီး ဆန်ချို အီဂန်ဂါတို့ကို တောင်ပံတစ်ဖက်စီမှာ အသုံးပြုခဲ့သလို ဖာနန်ဒက်စ်ရဲ့အနောက်မှာ ပေါ့ဘာက နံပါတ်(၁၀)နေရာနနဲ့ ပါဝင်ကစားသွားခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရပ်ရှ်ဖို့ဒ် ရှိနေသေးပေမယ့် နည်းပြရန်းနစ်က ရပ်ရှ်ဖို့ဒ်ထက် ကွင်းလယ်တိုက်စစ်ကစားသမား ဖာနန်ဒက်စ်ကိုသာ နံပါတ်(၉)နေရာမှာ ထူးထူးခြားခြား အသုံးပြုလာခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ကိုတော့ ဒုတိယပိုင်း (၅၅)မိနစ်မှသာ လူစားဝင် ကစားသမားအဖြစ် အသုံးပြုသွားခဲ့ပါတယ်။

Man Utd news: Marcus Rashford details squad reaction to Rangnick's 'broken  dressing room' | Football | Sport | Express.co.uk

Photo Credit : Daily Express

ရပ်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြ ရန်းနစ်က “အသင်းအတွက် အပြောင်းအလဲတွေ လုပ်ဆောင်ထားခြင်းက ပထမပိုင်း ပွဲကစားချိန်အတွင်း ကစားနေတဲ့ အသင်းရဲ့စည်းချက်အပေါ် သက်ရောက်မှု မရှိဘူးလို့ ထင်မိပါတယ်။ ဒါပေမယ့် ပွဲကစားချျိန် (၅၅)မိနစ် အကြာမှာတော့ ကျွန်တော်တို့တွေ ဂိုးတစ်ဂိုး လိုအပ်နေပြီတဆိုတာကို သိလိုက်ရတဲ့အတွက် စကော့နဲ့ မားကပ်စ်ကို လူစားလဲလိုက်ရပါတယ်။ စကော့က အဝါကတ် ပြခံထားရတယ်။ အဲ့လိုမှမဟုတ်ရင် သူ့ကို လူစားလဲမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ အဝါကတ် ထိသွားတဲ့အချိန်မှာတော့ သူ့ကို လူစားလဲဖို့ ဆုံးဖြတ်လိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထင်မိပါတယ်။ မားကပ်စ်က အခုအချိန်ဟာ သူ့အတွက် အကောင်းဆုံးအချိန် ဖြစ်မနေဘူးဆိုတာ သိသာပါတယ်။ အဲ့ဒါက ယုံကြည်မှု စည်းချက်မှုတို့နဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အလုပ်ကလည်း သူရဲ့ယုံကြည်ချက်တွေ ပြန်လည်ရှင်သန်လာအောင် ကူညီပေးဖို့ ဖြစ်တာကြောင့် သူ့ကို ကစားခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ရတာ။ နောက်ဆုံးမှာတော့ သူကိုယ်တိုင်ပဲ လုပ်ဆောင်ရမယ်ဆိုတာက သိသာထင်ရှားပါတယ်”

Rangnick says Rashford free to leave United if game-time is a problem |  Marcus Rashford | The Guardian

Photo Credit : The Guardian

“ကျွန်တော်တို့ လုပ်နိုင်တာက သူ့ကို နေ့တိုင်း စကားပြောပြီး သူ့ဆီကနေ ဘာတွေမျှော်လင့်ထားလဲ ဆိုတာနဲ့ သူ ဘာတွေလုပ်ဆောင်သင့်လဲဆိုတာ ပြောပြဖို့ပါပဲ။ ကျန်တာတွေတော့ သူ့ဘာသာပဲ လုပ်ရမယ်။ ဒီရာသီမှာ ကစားသမားတစ်ဦးနှစ်ဦးလောက်ပဲ ဒီမှာ မရှိတော့ပဲ ကျန်တဲ့ ကစားသမားတွေက ကျွန်တော်တို့နဲ့အတူ ရှိနေတုန်းပါပဲ။ ဒါက ဘာကိုပြလဲဆိုတော့ မင်းဟာ မင်းရဲ့ယုံကြည်မှုတွေကို ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ ဖွံဖြိုးတိုးတတ်လာအောင် လုပ်ဆောင်နိုင်မယ်ဆိုရင် လုံးဝ ကွဲပြားခြားနားတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်တယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။ မားကပ်စ်က ဒီထက် ပိုကောင်းအောင် ကစားနိုင်မယ်ဆိုတာ ကျွန်တော်တို့အားလုံး သိထားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူကိုယ်တိုင် လုပ်ရမယ့် အရာတွေကို ထပ်ပြီးလုပ်ဆောင်နေရမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။