






De Gea, Romero, Grant




ယခုနှစ်မှာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ် ကို အကောင်းဆုံးဦးဆောင်ကစားပြနေသလို အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်တဲ့ မားကပ်ရက်ဖို့ဒ်ဟာ ယနေ့ည ၁၁နာရီမှာ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်း အန်ဖီးလ်ကွင်းထဲ သွားရောက်ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ကစားပေးနိုင်ဖို့ မရှိတော့ဘူးလို့ သိရပါတယ်။

Photo Credit: Express.com

အကြောင်းကတော့ လီဗာပူးလ်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်အတွက် မန်ချက်စတာမြို့မှ ထွက်ခွာသွားတဲ့ ယူနိုက်တက်အသင်းရဲ့ ကစားသမားစာရင်းမှာ မားကပ်ရက်ဖို့ဒ် မပါဝင်လာခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ် တစ်ပွဲဖြစ်တဲ့ ဝုဗ်နဲ့ ပွဲမှာ ယူနိုက်တက်အသင်းအတွက် လူစားဝင်ကစားပေးရာကနေ ဒဏ်ရာရခဲ့တာကြောင့် ယခုပွဲကို လွဲချော်ခဲ့တာပါ။

Photo Credit: Express.com

ရက်ဖို့ဒ်မပါဝင်နိုင်တဲ့ အနေအထားအတွက် ယူနိုက်တက်အသင်းဟာ မာရှယ် ၊ ဂရင်းဝုဒ် ၊ ဒန်နီရယ်ဂျိမ်းစ်တို့ သုံးဦးကိုသာ တိုက်စစ်မှာ အသုံးပြုရဖွယ်ရှိနေပြီး ကွင်းလယ်မှာတော့ မာတာ ၊ ဖရက်ဒ် ၊ မာတစ်တို့ရဲ့အတွဲနဲ့သာ လီဗာပူးလ်ကို ယှဉ်ကစားဖို့ ကြိုးစားလာနိုင်ပါတယ်။

Photo Credit: Express.com

လီဗာပူးလ်မြို့ကို ထွက်ခွာသွားသည့် လူစာရင်း

De Gea, Romero, Grant

Jones, Wan-Bissaka, Lindelof, Williams, Bailly, Maguire, Dalot, Shaw

Lingard, Matic, Fred, Pereira, Gomes, Mata, Chong

James, Martial, Greenwood