မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ မားကပ် ရက်ရှ်ဖို့ဒ်ဟာ အာဆင်နယ်နဲ့ အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ရ အပြီးမှာတော့ ပရိသတ်တွေကို စိတ်‌အေးအေးထားဖို့ ပြောကြားလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဒီရာသီ အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် နိုင်ပွဲတစ်ပွဲမှ ရှာဖွေနိုင်ခြင်း မရှိသေးတာကြောင့် ပရိသတ်တွေဟာ အသင်းရဲ့ ခြေစွမ်းပိုင်းကို စိတ်ပူနေကြတာ ဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကတော့ အဆိုပါ ရှုံးပွဲတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Metro

“ အဲ့ဒါက ခက်ခဲပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ အမှတ်ရဖို့ လိုအပ်နေတဲ့ အချိန်မှာ အသင်းကြီး တွေနဲ့ ကစားခဲ့ရပါတယ်။ တစ်ခါတစ်လေမှာ ရလဒ်ကောင်းပြီးတော့ တစ်ခါတစ်လေကျ ရှုံးပွဲတွေနဲ့ ကြုံတွေ့ရပါတယ်။ အဲ့ဒါက ဖြစ်နေကျ ပုံစံလိုပါပဲ။ ခင်ဗျား ပြောသလိုပါပဲ။ တစ်လ ကုန်ဆုံးသွားခဲ့ပါပြီ။ ကျွန်တော်တို့ အသင်းသားတွေ အကုန်လုံး ပူးပေါင်းပြီးတော့ နိုင်ပွဲတွေ ပြန်ရရှိဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ အသင်း အခြေအနေ မကောင်းတဲ့ အချိန်မှာ ကစားသမားတွေ က ပြာတတ်ပါတယ်။ အဲ့ဒီပွဲကလည်း ကျွန်တော်တို့ ပြာတဲ့ အချိန်ထဲက တစ်ခုလို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့ အားလုံး အကောင်းဆုံး အသင်းတစ်သင်း အနေနဲ့ ပြန်လာပြီးတော့ နိုင်ပွဲတွေ ပြန်လည်ရှာဖွေသွားပါမယ် ”

Photo Credit: Metro

ယူနိုက်တက် အနေနဲ့ လာမယ့် ကြာသပတေးနေ့မှာ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် အစ္စတန်ဘူအသင်းကို တူရကီမြေမှာ သွားရောက်ရင်ဆိုင် ကစားရမှာ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အနေနဲ့ တက်တက်ကြွကြွ ကစားသွားဖို့ ရက်ရှ်ဖို့ဒ်က အသင်းဖော်တွေကို တိုက်တွန်း သွားခဲ့ပါတယ်။ “ အဲ့ဒါက ကျွန်တော်တို့ရဲ့ နောက်ထပ် အာရုံစိုက်ရမယ့် အသင်းတစ်သင်းပါ။ ကျွန်တော်တို့ အာဆင်နယ်နဲ့ ပွဲကို ပြန်ဆန်းစစ် ကြည့်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အဲ့ဒီ ပုံစံနဲ့ ကြာကြာ ကစားနေလို့ မဖြစ်ပါဘူး။ တကယ်လို့ ကစားပုံ မပြောင်းဘူးဆိုရင် ကျွန်တော်တို့ရဲ့ နောက်ပွဲတွေ အတွက် ကစားပုံပိုင်းမှာ ထိခိုက်လာနိုင်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီကို လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ သွားရောက် ကစားပြီး အနိုင်ရရှိဖို့က အရေးကြီးပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။