တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ကတော့ သူ့ရဲ့ မန်ယူအသင်းကို ပရီးမီးယားလိဂ် ထိပ်သီးအဆင့် (၄) နေရာအတွင်း ဝင်အောင် ကူညီနိုင်ဖို့အတွက် လက်ရှိရာသီ မကုန်ခင်၊ မကြာခင် ပြန်ကစားနိုင်တော့မှာ ဖြစ်တယ်လို့ အသိပေးသွားခဲ့ပါတယ်။ မန်ယူ တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ဟာ ဝုဗ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ပြန်ကန်ပွဲစဉ်မှာ ကျောကုန်းဒဏ်ရာ ရရှိခဲ့တာကြောင့် အနားယူနေလျက် ရှိပြီး လီဗာပူးလ်အသင်းကို (၂-ဝ) နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက် မကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo Credit: Goal
မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ရက်ခ်ျဖို့ဒ်ကို ကြံ့ခိုင်မှု မပြည့်ဝမချင်း အနားယူစေချင်တယ်လို့ ပြောခဲ့ပေမဲ့ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၄) ဂိုး သွင်းယူထားတဲ့ ရက်ခ်ျဖို့ဒ်ကတော့ အမြန်ဆုံး ပြန်ကစားချင်နေပြီ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ ရက်ခ်ျဖို့ဒ် လက်ရှိရာသီမှာ ပြန်ကစားနိုင်မလားလို့ အမေးရတဲ့ အချိန်မှာ နည်းပြ ဆိုးလ်ရှားက “ရက်ခ်ျဖို့ဒ်အနေနဲ့ ကြံ့ခိုင်မှု မပြည့်ဝမချင်း အနားယူမှာ ဖြစ်ပြီး သူ့ကို အရဲစွန့်စေမှာ မဟုတ်ဘူး”လို့ ဖြေသွားခဲ့ပါတယ်။
Photo Credit: Twitter
{Unicode}
တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကတော့ သူ့ရဲ့ မန်ယူအသင်းကို ပရီးမီးယားလိဂ် ထိပ်သီးအဆင့် (၄) နေရာအတွင်း ဝင်အောင် ကူညီနိုင်ဖို့အတွက် လက်ရှိရာသီ မကုန်ခင်၊ မကြာခင် ပြန်ကစားနိုင်တော့မှာ ဖြစ်တယ်လို့ အသိပေးသွားခဲ့ပါတယ်။ မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ဝုဗ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ပြန်ကန်ပွဲစဉ်မှာ ကျောကုန်းဒဏ်ရာ ရရှိခဲ့တာကြောင့် အနားယူနေလျက် ရှိပြီး လီဗာပူးလ်အသင်းကို (၂-ဝ) နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက် မကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo Credit: Goal
မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ရက်ချ်ဖို့ဒ်ကို ကြံ့ခိုင်မှု မပြည့်ဝမချင်း အနားယူစေချင်တယ်လို့ ပြောခဲ့ပေမဲ့ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၄) ဂိုး သွင်းယူထားတဲ့ ရက်ချ်ဖို့ဒ်ကတော့ အမြန်ဆုံး ပြန်ကစားချင်နေပြီ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ ရက်ချ်ဖို့ဒ် လက်ရှိရာသီမှာ ပြန်ကစားနိုင်မလားလို့ အမေးရတဲ့ အချိန်မှာ နည်းပြ ဆိုးလ်ရှားက “ရက်ချ်ဖို့ဒ်အနေနဲ့ ကြံ့ခိုင်မှု မပြည့်ဝမချင်း အနားယူမှာ ဖြစ်ပြီး သူ့ကို အရဲစွန့်စေမှာ မဟုတ်ဘူး”လို့ ဖြေသွားခဲ့ပါတယ်။
Photo Credit: Twitter
မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကတော့ သူ့ရဲ့ ဒဏ်ရာအကြောင်းကို မပြောပေမဲ့လည်း မကြာခင်မှာ ပြန်ကစားချင်ကြောင်း နဲ့ မန်ယူအသင်းကို ပရီးမီးယားလိဂ် ထိပ်သီး အဆင့် (၄) နေရာ ဝင်အောင်ကူညီချင်ကြောင်း ရေးခဲ့ပါတယ်။ လူမှုကွန်ရက် တွစ်တာမှာ ရက်ချ်ဖို့ဒ်က “အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ရာသီမကုန်ခင် ပြန်လာနိုင်မှာ ဖြစ်ပြီး ကျွန်တော့်ရဲ့ အသင်းကို ထိပ်သီး အဆင့် (၄) နေရာ ဝင်အောင် ကူညီသွားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ရေးသွားခဲ့တာ ဖြစ်ပါတယ်။