မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှားကတော့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒဏ်ရာရရှိနေတဲ့ အသင်းရဲ့ အဓိကကစားသမား ရက်ဖို့ဒ်ရဲ့ အကြောင်းကို ပရိသတ်ထံ သတင်းကောင်းပါးသွားခဲ့ပါတယ်။ အသက်၂၂နှစ်အရွယ် ရက်ဖို့ဒ် ဟာ ယခုနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းရဲ့ အဓိကတိုက်စစ်မှူး တစ်ဦးအဖြစ် ခြေစွမ်းပြထားနိုင်သူဖြစ်ကာ လက်ရှိအချိန်မှာတော့ ကျောရိုးကျိုး ဒဏ်ရာကြောင့် အနားယူနေရသူလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

ရက်ဖို့ဒ်ဟာ ဝုဗ်အသင်းနဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်မှာ အဆိုပါဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် သူဟာ လပေါင်း အတော်ကြာအောင် အနားယူရမယ် လို့ ကနဦးသတင်းတွေအရ သိရှိထားရပေမယ့် နောက်ဆုံးဆေးစစ်ချက်အရတော့ ရက်ဖို့ဒ်ဟာ မတ်လမှာ မန်ယူအသင်းအတွက် ပြန်ကစားပေးနိုင်တော့မှာဖြစ်ကြောင်း သိရှိထားရပါတယ်။ အဆိုပါ သတင်းကောင်းကိုတော့ ဆိုးလ်ရှားက အဲဗာတန်အသင်းနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Express.com

ရက်ဖို့ဒ်ရဲ့ ဒဏ်ရာပြဿနာအခြေအနေကို ဆိုးလ်ရှားက ” နောက်ဆုံးစမ်းသပ်မှုမှာတော့ ရလဒ်ကောင်းတွေ တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ သူ့ကို အချိန်ပေးဖို့ လိုပါတယ်။ သူဟာ ကျွန်တော်တို့ဆီ ပြန်လာတော့မှာပါ။ ဒါပေမယ့် အချိန်တချို့တော့ စောင့်ရဦးမှာပေါ့။ ကျွန်တော်တို့ဟာ အလျင်မလိုပါဘူး။ သူ့ကို အချိန်ပေးမယ်။ သူပြန်လာရင် အရင်ကထက် ပိုပြီး သန်မာလာဦးမယ်။ ဒါဆိုရင် ကျွန်တော့်တို့အတွက် ပိုကောင်းမှာပေါ့။ သူက သူ့ရဲ့ အသင်းဖော်တွေကိုတော့ အမြဲတမ်း အားပေးပါတယ်။ ပြီးတော့ ယူရိုပါလိဂ်ဖိုင်နယ်နဲ့ အက်ဖ်အေဖလား ဖိုင်နယ်ရောက်ရင် ဝင်ကန်မယ်လို့လဲ အမြဲပြောနေပါတယ် ” လို့ ဖွင့်ဟသွားခဲ့တာပါ။