မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်စ်ဖိုဒ့်ဟာ မနေ့ညက ကစားသွားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပခုံးဒဏ်ရာပြသာနာကြောင့် ပွဲကို ဆက်လက်ကစားနိုင်ခြင်းမရှိပဲ ဒုတိယပိုင်းမှာပဲ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာနဲ့ လူစားခဲ့ရသလို ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ ပါဝင်ကစားဖို့ မသေချာတဲ့ အနေအထားဖြစ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Great Britian News

အသက်(၂၃)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်စ်ဖိုဒ့်ဟာ အဲဗာတန်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာပဲ ပခုံးဒဏ်ရာကို ရရှိခဲ့တာဖြစ်သလို ၂၀၁၉ခုနှစ် ဧပြီလတုန်းကလည်း အလားတူဒဏ်ရာမျိုးကို ခံစားခဲ့ရပါသေးတယ်။ အခုလည်း ရပ်စ်ဖိုဒ့်ဟာ ပီအက်စ်ဂျီနဲ့ပွဲမှာပါ သူရဲ့ပခုံးဒဏ်ရာဟောင်းကို ပြန်လည်ခံစားနေရတာကြောင့် ပွဲကို ဆက်လက်မကစားနိုင်တော့သလို လာမယ့် Weekend မှာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။

Photo Credit : Sportmole

ရပ်စ်ဖိုဒ့်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားက “ဒါက သူ့အတွက်တော့ စိတ်ထင့်စရာ ဖြစ်ခဲ့ရပါတယ်။ သူရဲ့ ပခုံးဒဏ်ရာကြောင့်ပါ။ ဝက်စ်ဟမ်းနဲ့ ကစားရမယ့်ပွဲစဉ်အတွက် သူအဆင့်သင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အတိအကျကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရပ်စ်ဖိုဒ့်က ဒဏ်ရာကြောင့် ရှေ့လာမယ့်ပွဲတွေကို ပါဝင်နိုင်ဖို့ မသေမချာ ရှိလို့နေတဲ့အပြင် ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီအနေနဲ့လည်း သူရဲ့အင်စတာဂရမ်ပေါ်က စကားလုံးအသုံးအနှုန်းက လူမျိုးရေးခွဲခြားသလို ဖြစ်ခဲ့ရတဲ့ ကိစ္စအပေါ် အက်အေကနေ အရေးယူမလားဆိုတာ အခုအချိန်ထိ သေချာမသိရသေးတဲ့အတွက် စိုးရိမ်စရာတော့ ဖြစ်နေရပါတယ်။ ဒါ့အပြင် နောက်ထပ်တိုက်စစ်မှူး အန်တိုနီမာစီယဲလ်ကလည်း လက်ရှိမှာ အတော်လေးကို ခြေစွမ်းပိုင်း အားနည်းချက်တွေ ရှိလို့နေပြီး မနေ့ညက ကစားသွားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ပွဲမှာလည်း ရရှိခဲ့တဲ့ အခွင့်အရေးကောင်းတွေကိုလည်း ဖြုန်းတီးပစ်ခဲ့လို့ ယူနိုက်တက်ပရိသတ်မျုားစွာက သူ့ကို စိတ်ကုန်နေရပါတယ်။ ဒါပေမယ့် အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာက ဒဏ်ရာကနေ ပြန်လည်သက်သာပြီဖြစ်လို့ ပွဲဆက်တွေ အရမ်းများနေတဲ့ ဘရူနိုဖာနန်ဒက်စ်ကို အနားပေးပြီး ပေါ့ဘာနဲ့ ဗန်ဒယ်ဘိခ်တို့ရဲ့ ကွင်းလယ်အတွဲအဖက်ကို အသုံးပြုလာဖွယ် ရှိနေပါတယ်။