မန်ယူ ကွင်းလယ် ကစားသမား မာတစ်ကတော့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ဆက်လက် တိုးတတ်နေဆဲ ဖြစ်နေပေမဲ့လည်း ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက် ဖြစ်လာနိုင်တယ်လို့ Guardian နဲ့ အမေးအဖြေ ပြုလုပ်သွားတဲ့ အချိန်မှာ ပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန် တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ လက်ရှိရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၁) ပွဲ ကစားထားရာမှာ ဂိုးဖန်တီးမှု (၅) ကြိမ် နဲ့ သွင်းဂိုး (၁၉) ဂိုး သွင်းယူထားပြီး မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက ဦးဆောင်နေတဲ့ တိုက်စစ်မှူး တစ်ယောက် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါပေမဲ့လည်း ရက်ချ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဝုလ်ဗ်အသင်းကို (၁-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေ ဖလား တတိယ အကျော့ ပြန်ကန်ပွဲစဉ်မှာ နောက်ကျော ဒဏ်ရာ ရရှိခဲ့တာကြောင့် နောက်ပိုင်း ပွဲစဉ်တွေကို မကစားနိုင်တော့ဘဲ ဒဏ်ရာ ပြန်သက်သာဖို့ အနားယူနေခဲ့ရပါတယ်။ ရက်ချ်ဖို့ဒ်ဟာ ကိုရိုနာ ဗိုင်းရပ်ကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရပ်နားရတဲ့ အချိန်မှာ သူ့ရဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ ကုသမှု ခံယူနေခဲ့ပြီး သူ့ရဲ့ အသင်းဖော် မာတစ်က ရက်ချ်ဖို့ဒ်ကို ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်လာနိုင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

မာတစ်ဟာ မန်ယူအသင်းမှာ အကောင်းဆုံး ကစားသမားက ဘယ်သူလဲလို့ အမေးခံလိုက်ရတဲ့ အချိန်မှာ သူက “ကျွန်တော်တို့မှာ လူငယ် ကစားသမားတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ သူတို့က ထိပ်ဆုံးကို မရောက်ကြသေးပါဘူး။ ဒါပေမဲ့ ရက်ချ်ဖို့ဒ်က သူ့ရဲ့ အခြေအနေနဲ့ ဆိုရင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာနိုင်တဲ့ အရည်အချင်း ရှိတယ်။ ရက်ချ်ဖို့ဒ်က တိုးတတ်လာနေဆဲပါပဲ။ ဒါပေမဲ့ သူက ထိပ်ဆုံးအဆင့်ကို ရောက်ဖို့ ဘာမဆို ရှိနေပါတယ်”လို့ အမေးအဖြေ ပြုလုပ်သွားခဲ့ကြတဲ့ အချိန်မှာ အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို မရပ်နားခင် ပွဲစဉ် (၁၁) ပွဲဆက် ရှုံးပွဲ မရှိခဲ့ရာမှာ (၉) ပွဲကို ပေးဂိုးမရှိ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။