လီဗာပူးလ္အသင္းကို အေဝးကြင္းမွာ ႏွစ္ဂိုး ဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔ ယူနိုက္တက္အသင္း အေရးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ဝင္ေရာက္ မကစားေပးခဲ့တဲ့ တိုက္စစ္မွူး ရက္ဖို႔ဒ္ရဲ့ဒဏ္ရာဟာ ပြဲမစမီမွာ ထင္ထားသလို ဒဏ္ရာမဟုတ္ခဲ့ပဲ အျပင္းစားဒဏ္ရာကို ရရွိထားခဲ့တာေၾကာင့္ အခုဆိုရင္ ေဆးစစ္မွုေတြ စတင္လုပ္ေဆာင္ေနရၿပီလို႔ သိရွိရပါတယ္။

Photo Credit: Metro.com

လီဗာပူးလ္ကို ရွုံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ မပါဝင္ခဲ့တဲ့ ရက္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ ၾကားရက္မွာ အက္ဖ္ေအဖလား ျပန္ကန္ပြဲစဥ္အျဖစ္ ကစားခဲ့ရတဲ့ ဝုဗ္အသင္းနဲ႔ပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့တာ ျဖစ္ၿပီး ကနဦးမွာ ယူနိုက္တက္ရဲ့ ဆရာဝန္ေတြက အေပါ့စားဒဏ္ရာအျဖစ္ ယူဆခဲ့ေပမယ့္ လက္ရွိမွာေတာ့ ရက္ဖို႔ဒ္ဟာ ေက်ာရိုးက်ိဳးတဲ့ ဒဏ္ရာျဖစ္ေၾကာင္း ေဆးစစ္ခ်က္ေတြအရ သိရွိရပါတယ္။

Photo Credit: Metro.com

မန္ခ်က္စတာၿမိဳ႕အေျခစိုက္ သတင္းဌာနေတြရဲ့ အဆိုအရ ရက္ဖို႔ဒ္ဟာ အဆိုပါ ဒဏ္ရာျပႆနာေၾကာင့္ ႏွစ္လကေန သုံးလအထိ အနားယူရဖို႔ရွိေနေၾကာင္း သိရွိရၿပီး အဆိုပါကာလေတြမွာေတာ့ ယူနိုက္တက္အသင္းရဲ့ တိုက္စစ္ဟာ ခက္ခက္ခဲခဲ​ ႐ုန္းကန္ရဖို႔ရွိေနပါတယ္။ ေဘာလုံး ကၽြမ္းက်င္သူေတြကေတာ့ ရက္ဖို႔ဒ္ရဲ့ ေနရာအတြက္ ယူနိုက္တက္အေနနဲ႔ တိုက္စစ္ ကစားသမားတစ္ဦးကို ေစ်းကြက္ထဲမွာ ေခၚယူဖို႔ လိုအပ္တယ္လို႔ သုံးသပ္ထားၾကၿပီး ဇန္နဝါရီ ေစ်းကြက္မွာ ယူနိုက္တက္အေနနဲ႔ ဘယ္လိုေတြ လွုပ္ရွားမလဲဆိုတာက စိတ္ဝင္စားစရာပါ။

Photo Credit: Metro.com

ယူနိုက္တက္အသင္းရဲ့ နည္းၿပ ဆိုးလ္ရွားက ရက္ဖို႔ဒ္ရဲ့ ဒဏ္ရာေၾကာင့္ သူတို႔အသင္းဟာ ေနာက္ထပ္ တိုက္စစ္မွူးတစ္ဦးေခၚယူဖို႔ မျဖစ္ မေန မလိုအပ္ဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။ ဆိုးလ္ရွားက ” ဒီရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရၿပီး ဒါက တကယ့္ကို ကံမေကာင္းတဲ့ ရာသီ တစ္ခုပါ။ ေစ်းကြက္က ဖြင့္ေနတုန္းဆိုေတာ့ ေရတိုေခၚယူမွုေတြ လုပ္ေဆာင္လို႔ရပါမယ္။ အငွားနဲ႔ေခၚယူမွု တခ်ိဳ႕လည္း ရွိခ်င္ရွိပါမယ္။ ဒါေပမယ့္ တိုက္စစ္မွူး တစ္ဉီး မျဖစ္မေန လိုအပ္တဲ့အေနအထားေတာ့ မဟုတ္ပါဘူး ” လို႔ ေျပာသြားခဲ့တာပါ။

လီဗာပူးလ်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ယူနိုက်တက်အသင်း အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဝင်ရောက် မကစားပေးခဲ့တဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ဒဏ်ရာဟာ ပွဲမစမီမှာ ထင်ထားသလို ဒဏ်ရာမဟုတ်ခဲ့ပဲ အပြင်းစားဒဏ်ရာကို ရရှိထားခဲ့တာကြောင့် အခုဆိုရင် ဆေးစစ်မှုတွေ စတင်လုပ်ဆောင်နေရပြီလို့ သိရှိရပါတယ်။

Photo Credit: Metro.com

လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မပါဝင်ခဲ့တဲ့ ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ကြားရက်မှာ အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်အဖြစ် ကစားခဲ့ရတဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ကနဦးမှာ ယူနိုက်တက်ရဲ့ ဆရာဝန်တွေက အပေါ့စားဒဏ်ရာအဖြစ် ယူဆခဲ့ပေမယ့် လက်ရှိမှာတော့ ရက်ဖို့ဒ်ဟာ ကျောရိုးကျိုးတဲ့ ဒဏ်ရာဖြစ်ကြောင်း ဆေးစစ်ချက်တွေအရ သိရှိရပါတယ်။

Photo Credit: Metro.com

မန်ချက်စတာမြို့အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ ရက်ဖို့ဒ်ဟာ အဆိုပါ ဒဏ်ရာပြဿနာကြောင့် နှစ်လကနေ သုံးလအထိ အနားယူရဖို့ရှိနေကြောင်း သိရှိရပြီး အဆိုပါကာလတွေမှာတော့ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ဟာ ခက်ခက်ခဲခဲ​ ရုန်းကန်ရဖို့ရှိနေပါတယ်။ ဘောလုံး ကျွမ်းကျင်သူတွေကတော့ ရက်ဖို့ဒ်ရဲ့ နေရာအတွက် ယူနိုက်တက်အနေနဲ့ တိုက်စစ် ကစားသမားတစ်ဦးကို စျေးကွက်ထဲမှာ ခေါ်ယူဖို့ လိုအပ်တယ်လို့ သုံးသပ်ထားကြပြီး ဇန်နဝါရီ စျေးကွက်မှာ ယူနိုက်တက်အနေနဲ့ ဘယ်လိုတွေ လှုပ်ရှားမလဲဆိုတာက စိတ်ဝင်စားစရာပါ။

Photo Credit: Metro.com

ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားက ရက်ဖို့ဒ်ရဲ့ ဒဏ်ရာကြောင့် သူတို့အသင်းဟာ နောက်ထပ် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ မဖြစ် မနေ မလိုအပ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ဆိုးလ်ရှားက ” ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ဒါက တကယ့်ကို ကံမကောင်းတဲ့ ရာသီ တစ်ခုပါ။ စျေးကွက်က ဖွင့်နေတုန်းဆိုတော့ ရေတိုခေါ်ယူမှုတွေ လုပ်ဆောင်လို့ရပါမယ်။ အငှားနဲ့ခေါ်ယူမှု တချို့လည်း ရှိချင်ရှိပါမယ်။ ဒါပေမယ့် တိုက်စစ်မှူး တစ်ဉီး မဖြစ်မနေ လိုအပ်တဲ့အနေအထားတော့ မဟုတ်ပါဘူး ” လို့ ပြောသွားခဲ့တာပါ။