မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကတော့ ကမ္ဘာ့ ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ် ရောဂါက ပြန်လာပြီးတဲ့နောက် မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာ ဝင်နိုင်ဖို့ အခြေအနေ ပိုကောင်းသွားပြီ ဖြစ်တယ်လို့ Stretty News မှာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ မရပ်နားခင်မှာ (၁၁) ပွဲဆက် ရှုံးပွဲ မရှိခဲ့တာကြောင့် ရလဒ် ကောင်းမွန်နေခဲ့ပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် (၃) လကြာ ရပ်နားရတဲ့ အချိန်မှာလည်း ဒဏ်ရာရ ကစားသမားတွေက ဒဏ်ရာ ကိုယ်စီကနေ ပြန်လည် သက်သာလာခဲ့ကြပါတယ်။

Photo Credit: Dailymail

မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ကျောဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက မန်ယူအသင်းအတွက် မကစားနိုင်ခဲ့တော့ပေမယ့်လည်း ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပြိုင်ပွဲ ရပ်နားရတဲ့ အချိန်မှာ ဒဏ်ရာကနေ အပြည့်အဝ ပြန်လည် သက်သာလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရက်ချ်ဖို့ဒ်ကတော့ ဒဏ်ရာကနေ အပြည့်အဝ ပြန် သက်သာလာပြီ ဖြစ်တယ်လို့ ပြောခဲ့သလို နောက်နှစ် ချန်ပီယံလိဂ် ဝင်နိုင်ဖို့အတွက် လက်ရှိရာသီမှာ ပရီးမီးယားလိဂ် အဆင့် (၄) နေရာ ဝင်ဖို့ အခြေအနေ ပို ကောင်းလာပြီ ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo Credit: Dailymail

Stretty News သတင်းမှာ ရက်ချ်ဖို့ဒ်က “ဒီကပ်ရောဂါက ပြန်လာနိုင်ပြီ ဖြစ်လို့ ကျွန်တော်တို့ မန်ယူအသင်းက အဆင့် (၄) နေရာ ဝင်ဖို့ အများကြီး ပို ကောင်းလာပြီလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် အာရုံ သိပ် မစိုက်ဘဲ ရောက်လာတဲ့ ပွဲစဉ်တိုင်းကို တစ်ပွဲချင်းစီ ကျော်ဖြတ်ရမယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့အသင်း အားစိုက် လေ့ကျင့်ခဲ့ကြပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ကစားသမားတွေနဲ့ ပို ကျစ်လစ်လာပြီ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ တစ်ဦးတည်း အမြင်ကတော့ ဒီရာသီက ဒဏ်ရာ မရခင်အထိ ကျွန်တော့်ရဲ့ အကောင်းဆုံး ရာသီ ဖြစ်ပါတယ်။ ဆိုတော့ အခု ကျွန်တော် အပြည့်အဝ ပြန်လည် ကြံခိုင်လာပါပြီ။ ကျွန်တော် အားထည့်ကစားသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်”လို့ ပြောသွားတာ ဖြစ်ပါတယ်။