မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကတော့ လာမယ့် (၂၀၂၀-၂၁) ရာသီသစ်မှာ မန်ယူအသင်းအတွက် အများကြီး ပိုကောင်းအောင် ကစားနိုင်မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၉-၂၁) ရာသီကထက် ပိုကောင်းတဲ့ ခြေစွမ်းနဲ့ ပြန်လာမယ်လို့ အသင်းရဲ့ ပရိသတ်တွေကို ကတိပေး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း ရာသီကောင်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၂) ဂိုး သွင်းနိုင်ခဲ့တာကြောင့် မန်ယူအသင်းကို ဗိုလ်လုပွဲစဉ် (၃) ပွဲအထိ ရောက်ရှိနိုင်အောင် သွင်းဂိုးတွေ များစွာနဲ့ ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ဇန်နဝါရီလက ကျောဒဏ်ရာ ရရှိခဲ့တာကြောင့် မန်ယူ အသင်းရဲ့ ပွဲစဉ်အချို့ကို မကစားနိုင်ဘဲ လွဲချော်ခဲ့ရပြီး ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် မန်ယူအသင်းအတွက် ပြန်ကစားခဲ့စဉ်မှာလည်း ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၁၃) ပွဲမှာတော့ ပြိုင်ပွဲစုံ သွင်းဂိုး (၃) ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး သူက လာမယ့် (၂၀၂၀-၂၁) ရာသီသစ်မှာ ပြီးခဲ့တဲ့ ရာသီကထက် ပိုကောင်းတဲ့ ခြေစွမ်းနဲ့ ပြန်လာခဲ့မယ်လို့ ကတိပေးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

PA News Agency မှာ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်က “ကျွန်တော့်ရဲ့ စိတ်ထဲမှာ (၄) လ ဒါမှမဟုတ်ရင် (၅) လ မကစားခဲ့ရဘူးလို့ပဲ ထင်တယ်။ ဒီရာသီမှာတော့ ကျွန်တော် အများကြီး ပိုကောင်းအောင် ကစားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်ရာသီမှာပဲ ဖြစ်ဖြစ် မဖြစ်နိုင်ခဲ့ပါဘူး။ ကျွန်တော် တစ်ကြိမ်မှ အမှန်တရားကို နားမလည်ဘူး ဆိုတာ မရှိခဲ့ပါဘူး။ ကျွန်တော် လာမယ့် ရာသီသစ်ကို သိပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ ရာသီကထက် ပိုပြီး ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ပြန်လာပါမယ်။ မန်ယူအသင်းမှာ ကစားရဖို့က ကျွန်တော့်ရဲ့ အိပ်မက် ဖြစ်ခဲ့ပြီး ပွဲစဉ်တွေကို များနိုင်သမျှ များအောင် ကစားနိုင်ဖို့က ဂုဏ်ယူရတဲ့ ခံစားချက်ပါပဲ။ နေ့တိုင် ဆက်လက် တိုးတတ်ချင်ပါတယ်”လို့ ပြောကြားသွားပါတယ်။