အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် မန်စီးတီး တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကို ခေါ်ယူနိုင်ဖို့ ရာနှုန်းပြည့် သဘောတူညီမှု ရရှိနိုင်ခဲ့ပေမယ့် နောက်ထပ် တိုက်စစ်ကစားသမားလည်းဖြစ် ဂျေဇူးရဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းဖော်လည်းဖြစ်တဲ့ ရာဖင်ညာကိုပါ ထပ်မံ ခေါ်ယူသွားဖွယ်ပါ ရှိနေပြီး လာမယ့်တစ်ပတ်အတွင်းမှာပဲ ရာဖင်ညာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သသက်ပြီး လိဒ်စ်ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံသွားဦးမယ်လို့ သိရပါတယ်။

Arsenal set to make bid for £50m-rated Leeds United forward Raphinha | Sport | The Times

Photo Credit : The Times

အာဆင်နယ်အသင်းဟာ အူဘာမီယန်းနဲ့ လာကာဇက်တို့လို အဓိက တိုက်စစ်ကစားသမားတွေကို အသင်းကနေ လက်လွတ်ထားခဲ့ရတာကြောင့် ဒီနွေဈေးကွက်ထဲ ကစားသမား ပြန်လည်ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်ဟာ မန်စီးတီးအသင်းရဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား ဂျေဇူးကို ခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးပမ်းနေတာဖြစ်ပြီး သဘောတူညီမှုလည်း ရယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် အခုလက်ရှိမှာ ရာဖင်ညာဘက်ကို အာရုံစိုက်လာခဲ့တာ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

အသက်(၂၅)နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား ရာဖင်ညာဟာ လိဒ်စ်ယူနိုက်တက်အသင်းဆီကို ပြီးခဲ့တဲ့ ၂၀၂၀ကမှ ရန်းစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လိဒ်စ်ကို ရောက်လာချင်းမှာပဲ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာကြောင့် ဘရာဇီးလ်အသင်းမှာပါ ရွေးချယ်ခံလာရသလို ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိလာခဲ့ရပါတယ်။ ရာဖင်ညာဟာ အခုဆိုရင် လိဒ်စ်အသင်းအတွက် ဘောလုံးရာသီ (၂)ရာသီအထိ ပါဝင်ထားခဲ့ပြီး ပွဲပေါင်း(၆၇)ပွဲအထိ ပါဝင်ထားခဲ့သလို မနှစ်က အသင်းကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင်ပါ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြနေတဲ့ ရာဖင်ညာကို အာဆင်နယ်အပါအဝင် ချယ်လ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတွေကလည်း အလိုရှိနေပြီး ကစားသမားကိုယ်တိုင်ကတော့ ဘာစီလိုနာအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေသလို personal agreed ပါ ရရှိထားခဲ့ပေမယ့် ဘာစီလိုနာဘက်က လိဒ်စ်အသင်း အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ကမ်းလှမ်းထားခြင်း မရှိလို့ အာဆင်နယ် ချယ်လ်ဆီး စပါးတို့လို လန်ဒန်ကလပ်အသင်းတွေသာ ရာဖင်ညာကို အပြိုင်ကမ်းလှမ်းရနိုင်ပါတယ်။ လိဒ်စ်အသင်းကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်(၆၅)သန်းလောက်အထိကို အလိုရှိနေပါတယ်။