မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား ရာဖယ်လ်ဗာရန်းက သူ့အသက် ဆယ်ကျော်သက် အရွယ်မှာကတည်းကပဲ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာဖို့ အလွန် နီးစပ်ခဲ့ဖူးတယ်လို့ ဖွင့်ဟလာခဲ့သလို အသင်းနဲ့အတူ ကာရာဘောင်းဖလားကို ရယူကာ နောက်ထပ် ဆုဖလားတွေ များစွာကိုလည်း သိမ်းပိုက်နိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Varane is convinced that a first trophy on the board for Ten Hag's team will lead to more

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ၂၀၂၁ခုနှစ် နွေရာသီမှာပဲ ရီးယဲလ်မက်ဒရစ်ကနေ မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဗာရန်းဟာ အခုဆိုရင်တော့ ယူနိုက်တက်အသင်းနဲ့အတူ ပထမဆုံးသော ဆုဖလားကို ပိုင်ဆိုင်နိုင်ဖို့ အခြေအနေကောင်းနေပြီပဲ ဖြစ်ပါတယ်။ “အတွေ့အကြုံတွေက နည်းအမျိုးမျိုးနဲ့ ကူညီပေးတယ်။ အတွေ့အကြုံတွေက ပွဲမစတင်ခင်မှာ ကစားသမားတိုင်းကို တည်ငြိမ်ပြီး ယုံကြည်မှု ရှိစေနိုင်ပါတယ်။ ပွဲတိုင်းကိုလည်း ကူညီပေးနိုင်တယ်”

Raphael Varane has played an important role in Man United's resurgence this season

Photo Credit : Daily Mail

“ပထမဆုံး ဆုဖလားက အရေးကြီးပါတယ်။ ကျွန်တော် ဒီကို ရောက်လာဖို့ အရမ်း နီးစပ်ခဲ့သေးတယ်။ အဲ့ဒီတုန်းက လန်းစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဘက်က စိတ်ပြောင်းသွားခဲ့တယ်လို့ ထင်တယ်။ နောက်ထပ် အခွင့်အရေးတစ်ခုကလည်း ရောက်လာသေးတယ်။ ဘာနေဗျူးကလည်း မဆိုးပါဘူး။ ကျွန်တော် ဒီကိုလာကတည်းက ဆာအဲလက်စ်ဖာဂူဆန်နဲ့ စကားပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေနဲ့တော့ မပတ်သတ်ပါဘူး။ ဒါက ရှည်လျားတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ခဲ့ပြီးတော့ ဒါနဲ့ ပတ်သတ်ပြီးတော့လည်း အပျက်သဘောဆောင်တာတွေ မပြောချင်ပါဘူး။ ကျွန်တော် သူ့ကို အရမ်း လေးစားပါတယ်” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

The 29-year-old says Erik ten Hag has 'brought a new direction for everyone' at the club

Photo Credit : Daily Mail

လက်ရှိမှာတော့ ဗာရန်းဟာ နည်းပြဖာဂူဆန်ရဲ့လက်အောက်မှာ အလုပ်တွဲလုပ်ခဲ့ရခြင်း မရှိပေမဲ့လည်း နည်းပြတန်ဟက်ဂ်နဲ့တော့ အလုပ်တွဲလုပ်နေရပြီး အသင်းရဲ့ ခံစစ်မှာလည်း လီဆန်ဒရိုမာတီနက်ဇ်လို အတော်လေး aggressive ဖြစ်လွန်းလှတဲ့ ခံစစ်မှူးကောင်းတစ်ဦးနဲ့ တွဲဖက် ကစားနေရလျက် ရှိနေပါတယ်။