မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်လျက်ရှိနေတဲ့ ဂျာမနီလူမျိုး ဝါရင့်နည်းပြကြီး ရန်းနစ်ဟာ ဂွတ်ဒီဆင်ပတ်ခ်ကွင်းမှာ အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သက်တမ်းတလျှောက် ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ကြတဲ့ နည်းပြတွေအားလုံးအနက် နု်ိင်ပွဲရာခိုင်နှုန်း အနိမ့်ဆုံးသာ ရယူနိုင်တဲ့ နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

Ralf Rangnick was left scratching his head as Man Utd were beaten by relegation-threatened Everton

Photo Credit : The Sun

အသက်(၆၃)နှစ်အရွှယ် ဂျာမန်နိုင်ငံသားကြီး ရန်းနစ်ဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာ (၂၉)ရက်နေ့ကနေ စတင်ကိုင်တွယ်ခဲ့ရာ အခုချိန်ထိ ပရီးမီးယားလိဂ်ပွဲပေါင်း (၁၇)ပွဲ ကိုင်တွယ်ခဲ့ရာ (၈)ပွဲသာ အနိုင်ရထာပြီး (၆)ပွဲ သရေကျထားခဲ့သလို ဝုလ်ဗ် မန်စီးတီးနဲ့ အဲဗာတန်အသင်းတွေကို ရှုံးနိမ့်ထားခဲ့ရပါတယ်။ တကယ်တော့ ယူနိုက်တက်အသင်းက အရမ်းခက်ခဲတဲ့ ပြိုင်ဘက်အသင်းတွေနဲ့ မရင်ဆိုင်ရခင် ပွဲချောင်နေချိန်မှာ ရန်းနစ်ကို စတင်တာဝန်ပေးခဲ့တာဖြစ်ပေမယ့် ရန်းနစ်က နယူးကာဆယ် ဗီလာ ဘန်လေ ဆောက်သမ်တန် ဝက်ဖို့ဒ်တို့လို အသင်းတွေကို သရေကျခဲ့သလို အဲဗာတန်လို ရလဒ်တွေ ဆိုးရွှားနေတဲ့ အသင်းမျိုးကိုပါ တစ်ဂိုးမှ ပြန်သွင်းယူနိုင်ခြင်း မရှိပဲ အရေးနိမ့်ခဲ့ရပါတယ်။

Rangick has won just 47 percent of his games in charge of Manchester United

Photo Credit : The Sun

ဒီလို အခြေအနေတွေကြောင့် နည်းပြရန်းနစ်ဟာ နိုင်ပွဲရာခိုင်နှုန်း (၄၇)%သာ ရယူနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေအားလုံးအနက် နိုင်ပွဲရာခိုင်နှုန်း အဆိုးရွှားဆုံးနည်းပြ ဖြစ်သွားခဲ့ရပါတယ်။ နိုင်ပွဲရာခိုင်နှုန်း အမြင့်ဆုံး ယူနိုက်တက်နည်းပြကတော့ အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဖြစ်ပြီး (၆၅)%ထိ win percentage ရရှိထားသလို ယူနိုက်တက်နဲ့ (၂)ရာသီခွဲလောက် လက်တွဲခဲ့တဲ့ စပယ်ရှယ်ဝမ်းနည်းပြ ဟိုဆေးမော်ရင်ဟိုက win percentage (၅၄)%နဲ့ ယူနိုက်တက်ရဲ့ နိုင်ပွဲရာခို်င်နှုန်း ဒုတိယအများဆုံး နည်းပြအဖြစ် ရပ်တည်လို့နေပါတယ်။ ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော်နည်းပြ ဆိုးလ်ရှားနဲ့ မကြာသေးခင်ကမှ ဆီးကျိတ်ကင်ဆာ ဝေဒနာကို ခံစားနေရတဲ့ ဒတ်ချ်လူမျိုး နည်းပြကြီး လူးဝစ်ဗန်ဟားလ်တို့ကတော့ win percentage (၅၁)%စီနဲဲ့ အတူတူရပ်တည်လျက် ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ (၅)ရာသီဆက်တိုက် ဖလားလက်မဲ့ရာသီကို ဖြတ်သန်းရတော့မှာ ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်အပြင် ယူရိုပါလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ရနိုင်တဲ့ အခြေအနေမျိုးနဲ့ပါ ရင်ဆိုင်နေရပါတယ်။