အာဆင်နယ်အသင်းမှာ ၁၁နှစ်ကြာအောင် ပါဝင်ကစားထားခဲ့ပြီးနောက်မှာ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီး စီးရီးအေရဲ့လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဝေးလ်စ်လက်ရွေးစင် ကွင်းလယ်ကစားသမား အာရွှန်ရမ်ဆေးဟာ ဂျုဗင်တပ်စ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလို့နေပြီး နည်းပြဆာရီရဲ့လက်အောက်မှာ ယုံကြည်မှုတွေ ပျောက်ဆုံးနေရတာကြောင့် လာမယ့်နွေရာသီစျေးကွက်အတွင်းကနေ အသင်းကနေ ရောင်းချခံရဖွယ်ရှိနေပြီး အင်္ဂလန်ကိုပဲ ပြန်လာရဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

အသက်၂၉နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ရမ်ဆေးဟာ အာဆင်နယ်မှာ ၁၁နှစ်ကြာအောင် ပါဝင်ကစားခဲ့ပေမယ့် အသင်းမှာ အောင်မြင်မှုတွေရယူနိုင်ခြင်းမရှိတာကြောင့်မို့ အာဆင်နယ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပြီး ၂၀၁၉ခုနှစ် ဆောင်းရာသီစျေးကွက်မှာပဲ အကြိုသဘောတူညီမှုကို ရယူနိုင်ခဲ့ပါတယ်။ ရမ်ဆေးလို ကစားသမားကောင်းတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့ပေမယ့် ဂျုဗင်တပ်စ်အသင်းက ရမ်ဆေးကို ပွဲအများစုမှာ အရန်ခုံမှာပါ ထားရှိနေခဲ့တာဖြစ်ပြီး ဒီရာသီ စီးရီးအေပြိုင်ပွဲအတွင်းမှာလည်း ၁၁ပွဲသာ ပါဝင်ခဲ့ရပြီး အဲ့ဒီထဲကမှ ရပွဲကိုပဲ ပွဲထွက်ကစားခဲ့ရသလို မိနစ်၉၀အပြည့် ကစားခဲ့ရတဲ့ စီးရီးအေပွဲကတော့ တစ်ပွဲမှကို မရှိခဲဲ့ရပါဘူး။

Photo Credit : Getty Images

ဂျုဗင်တပ်စ််အသင်းဟာ ဒီရာသီမှာ အသင်းရဲ့ကွင်းလယ်ပိုင်းအတွင်းမှာ ပီယာနစ် မာတွီဒီ ဘန်တန်ကာတို့ပဲ ပွဲထွက်ကစားခွင့်တွေ ပိုမိုရရှိနေပြီး ရမ်ဆေးက သူတို့လောက်ကို ကစားခွင့်မရှိတဲ့အပြင် စီးရီးအေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုး၁ဂိုးစီပဲ ရယူနိုင်ခဲ့တာကြောင့် အသင်းဆီ ရောက်ရှိပြီးတစ်နှစ်အကြာမှာပဲ အသင်းကနေ ပြန်လည်ရောင်းချနိုင်ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ ပေါလ်ပေါ့ဘာကို မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်လို့ ပေါ့ဘာရဲ့ပြောင်းရွှေ့ကြေးမှာ အသုံးပြုဖို့အတွက် ဘက်ဂျက်ရနိုင်အောင် ရမ်ဆေးကို ရောင်းချဖို့ရှိနေသလို ပေါ့ဘာရဲ့အပြောင်းအရွှေ့မှာလည်း အလိုက်ပေးကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ်ရှိနေပါတယ်။ ရမ်ဆေးဟာ မနေ့ညက ကစားသွားခဲ့တဲ့ ဗီရိုနာအသင်းနဲ့ အီတလီစီးရီးအေပွဲစဉ်မှာလည်း ကြံခိုင်မှုပြသာနာကြောင့် ဂျုဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားခဲ့ရခြင်း မရှိခဲ့ပါဘူး။