MySport Myanmar

ချန်ပီယံလိဂ် ကစားနေတုန်း နေအိမ် ဖောက်ထွင်းခံလိုက်ရတဲ့ ဆာဂျီယို ရာမို့စ်

ဆီဗီလာအသင်းရဲ့ ဝါရင့် နောက်ခံ ကစားသမားကြီး ဆာဂျီယို ရာမို့စ်ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်ကို ပါဝင် ကစားနေစဉ်အတွင်း သူရဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ရပြီး ခိုးယူခံလိုက်ရတယ်လို့ သိရပါတယ်။

ဒီလို ဖောက်ထွင်းမှု ဖြစ်စဉ်အတွင်း သူခိုးတွေက ရီးယဲလ် မက်ဒရစ် နဲ့ စပိန် ကြယ်ပွင့်ဟောင်း ကစားသမားကြီးရဲ့ ဇနီးသည် နဲ့ ကလေး (၄)ဦးလုံးကို ခြိမ်းခြောက်မှုတွေပါ ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit : The Sun

အသက် (၃၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နောက်ခံ ကစားသမားကြီး ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲပြီးနောက် သူရဲ့ ပထမဆုံးသော စီနီယာ ကစားသမားဘဝ စတင်ရာ ဆီဗီလာအသင်းဆီ အလွတ်နဲ့ ပြန်လည် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၁၈၀)လောက်အထိ ကစားထားသူ ရာမို့စ်ကို မန်ယူနိုက်တက် ဗီလာ အင်တာမိုင်ယာမီ နဲ့ ဆော်ဒီကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သလိ တူရကီကလပ်တွေဆီ ရောက်ရှိဖို့ နီးစပ်နေရင်းနဲ့မှ ဆီဗီလာရဲ့ ကမ်းလှမ်းမှု ရှိလာရာ ဆီဗီလာဆီ ပြန်သွားဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။

Photo Credit : The Sun

စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၁၈၀)လောက်အထိ ကစားထားသူ ရာမို့စ်ကို မန်ယူနိုက်တက် ဗီလာ အင်တာမိုင်ယာမီ နဲ့ ဆော်ဒီကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သလိ တူရကီကလပ်တွေဆီ ရောက်ရှိဖို့ နီးစပ်နေရင်းနဲ့မှ ဆီဗီလာရဲ့ ကမ်းလှမ်းမှု ရှိလာရာ ဆီဗီလာဆီ ပြန်သွားဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။ဒီလို အသင်းဟောင်းဆီ တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ ရာမို့စ်က လန်းစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲကို ပါဝင်ဆင်နွဲနေချိန် သူခိုးများက ရာမို့စ်နေအိမ်ရဲ့ alarm system တွေကို ကျော်ဖြတ်ရင်း နေအိမ်အတွင်းထဲထိ ခိုးဝင်လာခဲ့ပါတယ်။

အဲ့ဒီအချိန် နေအိမ်မှာ အလုပ်ကိစ္စတွေကနေ အနားယူထားတဲ့ ရာမို့စ်ရဲ့ ဇနီးသည် နဲ့ ကလေး (၄)ဦးသာ ရှိနေခဲ့ပါတယ်။ သူခိုးတွေက ကလေးတွေကို အန္တရာယ် တစ်စုံတစ်စုံ မပေးခဲ့ပေမယ့်လည်း ရာမို့စ်တို့ မိသားစုရဲ့ တန်ဖိုးကြီး နာရီတွေ လက်ဝတ်ရတနာတွေ အဝတ်အစားကောင်းတွေနဲ့ ငွေသားတွေကို ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

Exit mobile version