ယနေ့မနက်မှာ ကစားခဲ့တဲ့ လာလီဂါ ဘီလူးကြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းဖြစ်တဲ့ မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာတော့ မန်စီးတီးဟာ စပိန်မြေမှာ ရီးရဲလ်မက်ဒရစ်အသင်းကို နောက်ကျသွင်းဂိုးတွေနဲ့အတူ အနိုင်ရလဒ် ရရှိခဲ့ပါတယ်​။ မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဂျီးဆပ် ၊ ကွင်းလယ်လူ ဒီဘရိုင်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ရီးရဲလ်ကို အနိုင်ရခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းအတွက် သွင်းဂိုးကိုတော့ အစ္စကိုက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

အိမ်ကွင်းမှာ ကစားရတဲ့ပွဲစဉ်ဖြစ်ပေမယ့် အဆိုပါပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီးအသင်းကို အသာစီးရရှိအောင် မကစားနိုင်ပဲ ဦးဆောင်ဂိုးကိုလည်း ဒုတိယပိုင်းရောက်မှသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ မန်စီးတီးအသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရကာ အိမ်ကွင်းမှာ မန်စီးတီးကို ဒူးထောက်အရှုံးပေးခဲ့ရပါတယ်။ ဒါ့အပြင် ပွဲပြီးဆုံးခါနီးအချိန် မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ ဥပဒေပ ပြစ်ဒဏ်ကျူးလွန်မှု တစ်ခုကို လုပ်ဆောင်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ်ပြစ်ဒဏ်ထိခဲ့ပြီး မန်စီးတီးအသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရတော့မှာပါ။

Photo Credit: Metro.com

အဆိုပါအနီကတ်ဟာ ရာမို့စ်ရဲ့ ရီးရဲလ်ကစားသမားဘဝမှာ ၂၆ကြိမ်မြောက် ပြသခံခဲ့ရတဲ့ အနီကတ်ဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၄ကြိမ်မြောက်အဖြစ် ပြသခံခဲ့ရတဲ့ အနီကတ် ဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ အနီကတ် အများဆုံး ပြသခံခဲ့ရတဲ့ ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ရာမို့စ်က ရရှိခဲ့ပါတယ်။ ရာမို့စ်ဟာ အဆိုပါ ဂုဏ်ပုဒ်ကို အီဘရာဟီမိုဗစ် ၊ အဂ္ဂါဒေးဗစ်စတဲ​့ ကစားသမားတွေနဲ့ ပူးတွဲကာ ရရှိနေခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါနဲ့ ရာမို့စ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အနီကတ်အများဆုံး ပြသခံခဲ့ရတဲ့ ကစားသမားဖြစ်လာမယ်လို့ ထင်ကြလားဗျ….။