ရီးရဲလ်မက်ဒရစ်အသင်းကတော့ စပိန်လာလီဂါပွဲစဉ်တွေ ပြန်လည်စကစားတဲ့အချိန်ကနေ ပွဲစဉ်တွေအားလုံးကို အနိုင်ရထားခဲ့ပြီး အနီးစပ်ဆုံးပြိုင်ဘက် ဘာစီလိုနာက ဆီဗီလာကို ဂိုးမရှိသရေကျရင်း ခြေချော်ခဲ့လို့ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်အသင်းရဲ့ နိုင်ပွဲတွေမှာ ဒိုင်တွေရဲ့မျက်နှာသာပေးမှုနဲ့ VAR အကူအညီရဲ့ မျက်နှာလိုက်ဆုံးဖြတ်မှုတွေရှိနေတယ်ဆိုပြီး ဘာစီလိုနာအသင်းဘက်ကနေ ဝေဖန်ပြောဆိုနေမှုတွေရှိလာခဲ့လို့ ရီးရဲလ်အသင်းခေါင်းဆောင်ရာမို့စ် သူ့အသင်းဘက်ကနေ ကာကွယ်ပြီးပြန်လည်တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Yahoo

ရီးရဲလ်အသင်းဟာ ဗလင်စီယာကို အနိုင်ရခဲ့တဲ့ပွဲ ဆိုစီဒက်ကို ကပ်နိုင်ခဲ့တဲ့ပွဲနဲ့ မနေ့ညက မာယော့ကာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေအတွင်းမှာ အငြင်းပွားစရာ VAR စစ်ဆေးချက်တွေနဲ့ ရမှတ်အပြည့်ကို ရယူနေခဲ့ပြီး ဒိုင်တွေရဲ့မျက်နှာပေးမှုတွေကို ရရှိခဲ့တယ်လို့ ဘာစီလိုနာအသင်းဘက်ကရော ဘာစီလိုနာအသင်းခေါင်းဆောင် ပီကေးဘက်ကနေပါ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာကြောင့် ရီးရဲလ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က ပြန်လည်တုန့်ပြန်ပြောဆိုလာခဲ့ရပါတယ်။ ရာမိုစ့်က “ထွက်ပေါ်နေတဲ့ ဆူဆူညံညံအသံတွေက ပုံမှန်အတိုင်း ထွက်ပေါ်နေကြစမြဲပါပဲ”

Photo Credit : Yahoo

“အခုလည်း ဒီလိုဟာတွေ ထွက်ပေါ်လာတာက ရှင်းပါတယ်။ ကျွန်တော်တို့အသင်းက ဇယားထိပ်ဆုံးကို ရောက်ရှိနေတာကြောင့်ပါပဲ။ အရင်တုန်းက အဲ့ဒီလောက်ထိ များများစားစား ပြောဆိုတာတွေ မရှိခဲ့ဘူးလေ။ ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းအပေါ် ဒိုင်တွေကနေ မျက်နှာသာပေး ဆုံးဖြတ်ချက်တွေ ချမှတ်နေတယ်လို့တော့ မထင်မိပါဘူး။ မသိရင်ပဲ ကျွန်တော်တို့တွေက ဇယားထိပ်မှာ ရပ်တည်ထားနိုင်လို့ ဒိုင်တွေကို ကျေးဇူးတင်ရမလို့တောင် ဖြစ်နေရပါတယ်။ ထင်ယောင်ထင်မှားတွေဖြစ်အောင် မပြောကြပါနဲ့” လို့ တုန့်ုပြန်ပြောဆိုသွားခဲ့ပါတယ်။ ဝါရင့်နောက်ခံလူကြီး ရာမို့စ်ကတော့ မနေ့ညက မာယော့ကာကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်းမှာ ရီးရဲလ်အတွက် ဒုတိယသွင်းဂိုးကို ဖရီးကစ်ကနေ အကောင်းဆုံး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ဒီရာသီအတွင်း ရာမို့စ်သွင်းယူခဲ့တဲ့ လာလီဂါသွင်းဂိုး(၈)ဂိုးမြောက်ဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲအတွင်းမှာလည်း သွင်းယူခဲ့တဲ့ တတိယမြောက်ဂိုး ဖြစ်လာခဲ့ရပါတယ်။ ရာမို့စ်ဟာ အသင်းရဲ့ခံစစ်ပိုင်းအတွင်း အကောင်းဆုံးစွမ်းဆောင်မှုတွေ ပြသထားနိုင်တဲ့အပြင် အသင်းရဲ့ ပင်နယ်တီတွေ ပြစ်ဒဏ်ဘောတွေကနေတောင် အသင်းရဲ့သွင်းဂိုးတွေကို ရယူပေးနိုင်တဲ့ အသင်းရဲ့ခံစစ် တိုက်စစ်အတွက်ပါ ဦးဆောင်ပေးနိုင်တဲ့ အရည်အချင်းရှိ ကစားသမားတစ်ယောက် ဖြစ်နေရပါတယ်။