(၁၆)နှစ်တာအထိ လက်တွဲခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ဟာ Free Agent ကစားသမားတစ်ယောက် ဖြစ်လာချိန်မှာ သူ့ကို ကလပ်အသင်းများစွာကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ကြပြီး ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့လည်း ပါဝင်ခဲ့ကြပေမယ့် ရာမို့စ်က ဒီကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့ကာ ပီအက်စ်ဂျီအသင်းကိုသာ ရွေးချယ်ခဲ့တာလို့ သိရှိရပါတယ်။

Photo Credit : Football365

အသက်(၃၅)နှစ်အရွှယ်ရှိ စပိန်ဝါရင့် နောက်ခံကစားသမားကြီး ရာမို့စ်ဟာ ရီးယဲလ်အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီးတဲ့နောက်မှာ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေကနေ ရာမို့စ်အတွက် ကမ်းလှမ်းမှုတွေ အသီးသီးလုပ်ဆောင်ခဲ့ကြပေမယ့် ရာမို့စ်ကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ရာမို့စ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်ဘက်ကနေ တစ်နှစ်လုပ်ခ ယူရို(၁၇)သန်း (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်က ဥရောပချန်ပီယံလိဂ်ဝင်ခွင့် မရရှိထားခဲ့တဲ့အတွက် ရာမို့စ်က အာဆင်နယ်ကို ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : Goal

ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ချန်ပီယံ မန်စီးတီးအသင်းကလည်း ရာမို့စ်လို အတွေ့အကြုံရင့် နောက်ခံလူတစ်ဦးကို အလိုရှိနေတဲ့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ရာမို့စ်ကတော့ ပီအက်စ်ဂျီအသင်းကိုသာ ရွေးချယ်ခဲ့ပြီး အသင်းနဲ့ (၂)နှစ်စာချုပ်ချုပ်ဆို ဖြစ်ခဲ့ပါတယ်။ ရာမို့စ်က ပီအက်စ်ဂျီအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၁၃)သန်းအထိ ရရှိနေတာဖြစ်ပေမယ့် အပိုဆုကြေးတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ သူရဲ့တစ်နှစ်လုပ်ခက ယူရို(၁၅)သန်းအထိ ရှိနေမှာဖြစ်ပါတယ်။ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ အနာဂတ်စီမံကိန်းတွေကို သဘောကျနှစ်သက်တာကြောင့်ရော အသင်းက နေမာ ဘာပေတို့လို ကြယ်ပွင့်ကစားသမားတွေနဲ့ တွဲဖက်ပြီး အောင်မြင်မှုတေါကို ရယူသွားချင်တဲ့အတွက်ကြောင့်ပါ ပီအက်စ်ဂျီနဲ့ ပူးပေါင်းလိုက်တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ဒီရာသီအတွင်းမှာ ရာမို့စ်အပါအဝင် ကွင်းလယ်လူ ဝိုင်နယ်ဒမ်း ညာနောက်ခံလူ ဟာခီမီနဲ့ ဂိုးသမားဒွန်နာရမ်မာတို့ကိုပါ ခေါ်ယူထားခဲ့ပြီး အသင်းရဲ့ ကစားသမားအင်အားကို အကောင်းဆုံးမြင့်တင်ထားနိုင်ခဲ့သလို မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကိုပါ ခေါ်ယူဖွယ် ရှိနေပါတယ်။