MySport Myanmar

အသက်(၄၀)လောက်အထိ ဘောလုံးကစားသွားချင်တယ်လို့ ရာမို့စ် ဝန်ခံပြောကြား

ဝါရင့် နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်က ပီအက်စ်ဂျီအသင်းနဲ့ ပထမဆုံး ဖြတ်သန်းခဲ့ရတဲ့ ဘောလုံးရာသီအတွင်းမှာ ဒဏ်ရာပြသာနာတွေကြောင့် ရုန်းကန်နေခဲ့ရပြီး ပွဲအနည်းငယ်လောက်သာ ပါဝင်ကစားထားခဲ့ရပေမယ့်လည်း ထိပ်တန်းအဆင့်မှာ နောက်ထပ် ဘောလုံးရာသီအနည်းငယ်လောက် ဆက်ကစားရဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာ အသက်(၃၆)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ စပိန် ဝါရင့်နောက်ခံကစားသမားကြီး ရာမို့စ်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့်လည်း ဒဏ်ရာပြသာနာတွေ ကြုံတွေ့နေရတာချိန် ၂၀၂၁ခုနှစ် နိုဝင်ဘာလခန့်မှသာ အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့် ရရှိခဲ့သလို လက်ရှိအချိန်ထိလည်း ပီအက်စ်ဂျီအတွက် လီဂူး(၆)ပွဲနဲ့ ပြည်တွင်းရှုံးထွက်ဖလားပွဲ (၁)ပွဲကိုသာ ပါဝင်ထားခဲ့ရပါတယ်။

Photo Credit : Republic World

ဒီလို အခြေနေတွေကြောင့် ပီအက်စ်ဂျီအသင်းက ရာမို့စ်ကို ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းကနေ ပြန်လည်ရှင်းထုတ်သွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ရပေမယ့် ရာမို့စ်ကတော့ သူနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အတိုင်း အသင်းမှာသာ ဆက်လက်ရှိချင်နေပြီး ထိပ်တန်းလိဂ်တစ်ခုမှာပဲ အချိန်ကြာကြာ ကစားချင်နေသေးတယ်လို့ပါ ပြောဆိုသွားခဲ့ပါတယ်။ ရာမို့စ်က “ကျွန်တော် ထိပ်တန်းအဆင့်မှာ နောက်ထပ် (၄)နှစ်(၅)နှစ်လောက် ကစားပြီး နောက်ထပ် အတွေ့အကြုံတစ်ခုကို ဖြတ်သန်းချင်ပါတယ်။ ကျွန်တော်က ပီအက်စ်ဂျီနဲ့ (၂)နှစ် ချုပ်ဆိုထားတာပါ။ (၃)နှစ်လောက်ထိ ဖြစ်လာအောင် ကြိုးစားရမှာပါ။ ကျွန်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ ကောင်းနေသရွေ့တော့ စိတ်အာရုံ စူးစိုက်ထားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ကစားရတာထက် အကောင်းဆုံး ကစားသမား ဖြစ်ရတာကို ပိုနှစ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးဆိုတာက စုပေါင်းအားကစားတစ်ခု ဖြစ်သလို အသင်းလိုက် အနိုင်ယူရတာကြောင့်ပါ။ ကမ္ဘာ့အကောင်းဆုံး ဖြစ်မလာခင်မှာ ကျွန်တော်က ကမ္ဘာ့ချန်ပီယံဆု ချန်ပီယံလိဂ်တို့မှာ ကစားရတာကို နှစ်သက်ပါတယ်။ ပြီးတော့ အရာအားလုံးအတွက် အသင်းရဲ့အတူ အလုပ်လုပ်ရဖို့ကို သင် အမြဲတမ်း လိုအပ်နေပါမယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

 

Exit mobile version