ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သလို အဓိကနောက်ခံလူလဲ ဖြစ်တဲ့ ဆာဂျီယိုရာမို့စ်ကတော့ မနေ့ည​က ကစားခဲ့တဲ့ အိုဆာဆူနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်း တို့ရဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ အပြီးမှာတော့ လာလီဂါပြိုင်ပွဲတွေမှာ ၁၇နှစ် ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Marca.com

ရီးရဲလ်မက်ဒရစ်အသင်းဟာ အိုဆာဆူနာအသင်းကို အဝေးကွင်းမှာ လေးဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရာမို့စ်ဟာ အသင်းရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၈မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကျန်တဲ့ဂိုးတွေကိုတော့ ပွဲကစားချိန် ၃၃မိနစ်မှာ အစ္စကို ၊ ပွဲချိန် ၈၄မိနစ်မှာ ဗက်စ်ကွက် ၊ ပွဲချိန် ၉၂မိနစ်မှာ ဂျိုဗစ်တို့က သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Marca.com

ဒီဂိုးကြောင့် ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝတစ်လျှောက်မှာ သွင်းဂိုး ၉၀ ပြည့်မြောက်သွားခဲ့တယ်လို့လည်း သိရပါတယ်။ ရာမို့စ်ဟာ လက်ရှိဘောလုံးရာသီမှာ ရီးရဲလ်အသင်းအတွက် လာလီဂါပွဲစဉ် ၂၁ပွဲ ကစားပေးထားခဲ့ပြီး ၄ဂိုးသွင်းယူပေးထားနိုင်သူပါ။