MySport Myanmar

နာဂယ်စမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ မန်ယူအသင်းကို ရန်းနစ် တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဟောင်း ရန်းနစ်က ယူနိုက်တက်အသင်းအနေနဲ့ နည်းပြ အပြောင်းအလဲ လုပ်ဆောင်မယ်ဆိုရင် လက်ရှိ ဂျာမနီအသင်းရဲ့ နည်းပြဖြစ်သူ နာဂယ်စမန်းကိုသာ နည်းပြသစ်အဖြစ် ခန့်အပ်သင့်တယ်လို့ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်နဲ့ INEOS တို့က ဒီရာသီကုန်မှာပဲ အသင်းအတွင်း ပြောင်းလဲမှုတွေ အမြောက်အများ လုပ်ဆောင်သွားဖို့ ရှိနေပြီး နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေဟာလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ဇီဒန်း ဒီဇာဘီ နာဂယ်စမန်း ပေါ်တာတို့လို နည်းပြများစွာနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လျက် ရှိနေပြီး ယူနိုက်တက် ယာယီနည်းပြဟောင်း ရန်းနစ်ကတော့ ယူနိုက်တက်က နာဂယ်စမန်းကိုသာ နည်းပြသစ်အဖြစ် ခန့်အပ်သွားသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

လိုက်ပ်ဇစ် ဘိုင်ယန်မြူးနစ်တို့ရဲ့ နည်းပြဟောင်း နာဂယ်စမန်းက အသက် (၃၆)သာ ရှိသေးတဲ့ လူငယ် နည်းပြတစ်ဦး ဖြစ်ပေမယ့်လည်း နည်းပြ အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ဥရောပ ကလပ်အသင်းပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo Credit : Sky Sports

ရန်းနစ်နဲ့ နာဂယ်စမန်းတို့ဟာ လိုက်ပ်ဇစ်အသင်းမှာ အတူလက်တွဲဖူးခဲ့သူတွေ ဖြစ်သလို တစ်ယောက်အကြောင်း တစ်ယောက်က အတော်လေး သိနေကြပြီး နာဂယ်စမန်းဟာလည်း ယူနိုက်တက် နည်းပြရာထူးနဲ့ လိုက်ဖက်သူဖြစ်ကြောင်းကိုပါ ရန်းနစ်က သိရှိနေပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ဘက်ကတော့ နာဂယ်စမန်းထက် တခြား နည်းပြ options တွေကိုသာ စိတ်ဝင်စားနေပြီး လတ်တလောမှာ ယူနိုက်တက်ရဲ့ အားကစား ဒါရိုက်တာအသစ် ဖြစ်လာနိုင်တဲ့ ဒန် အက်ရှ်ဝက်ကတော့ ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာကိုသာ ယူနိုက်တက် နည်းပြသစ်အဖြစ် မြင်တွေ့ချင်နေပါတယ်။

Exit mobile version