မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်လျက်ရှိနေတဲ့ ဝါရင့်နည်းပြကြီး ရန်းနစ်က အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားဖြစ်တဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်အနေနဲ့ လာမယ့်နွေမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားချင်တဲ့ စိတ်ဆန္ဒရှိနေမယ်ဆိုရင် အသင်းနဲ့ လမ်းခွဲသွားနိုင်တယ်လို့ သတိပေး ထုတ်ဖော်ပြောကြားသွားလိုက်ပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး လက်ရှိမှာ အသင်းရဲ့ အရေးပါဆုံးသော ကစားသမားတစ်ဦး ဖြစ်နေရတဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ နောက်ပိုင်းပွဲစဉ်တွေအတွင်း အသင်းမှာ ပွဲကစားခွင့် နည်းပါးလာတဲ့အပေါ် တဖြည်းဖြည်း စိတ်ပျက်လာတာကြောင့် သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားလာနေပြီလို့ သတင်းတွေ ထွက်ခဲ့သလို ပီအက်စ်ဂျီအသင်းကလည်း အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ရပ်ရှ်ဖို့ဒ်ကို ပစ်မှတ်ထားလာခဲ့တယ်လို့ပါ သတင်းထွက်လာခဲ့ပါတယ်။ ဒီသတင်း အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြ ရန်းနစ်က ရပ်ရှ်ဖို့ဒ်အနေနဲ့ သူ့အနာဂတ်ကို စိတ်ကြိုက်ဆုံးဖြတ်နိုင်ပေမယ့် လက်ရှိမှာ ဒီကိစ္စတွေကို မေ့ထားပြီး အသင်းရဲ့ Top 4 ဝင်ခွင့်အပေါ်ကိုသာ အာရုံစိုက်ထားစေချင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Ralf Rangnick has told Marcus Rashford he can go this summer if he wants to

Photo Credit : The Sun

ရပ်ရှ်ဖို့ဒ်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်းနစ်က “သူကိုယ်တိုင်ရယ် သူရဲ့အေးဂျင့်ရယ် ဒါမှမဟုတ် သူရဲ့မိသားစုဝင်တွေရယ် နွေရာသီရဲ့ အချိန်တစ်ခုမှာ တခြားသော ကလပ်အသင်း တစ်ခုစီကို ေြ့ပာင်းရွှေ့ဖို့ စီစဉ်နေမယ် ဆိုပါစို့။ ဒါပေမယ့် သူတို့ ဒါကို နွေရာသီရောက်မှသာ ဒီလို လုပ်ဆောင်နိုင်ပါမယ်။ အခုက အပြောင်းအရွှေ့စျေးကွက်လည်း ပိတ်ထားပါသေးတယ်။ ဒီကိစ္စကလည်း လာမယ့်ရက်မှာ ကစားသွားရမယ့် ပွဲစဉ်နဲ့လည်း ဘာမှကို မဆိုင်နေပါဘူး” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ နောက်ဆုံးကစားထားရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃)ပွဲဆက်မှာ စုစုပေါင်း (၅၃)မိနစ်သာ ပါဝင်ကစားထားခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ဟာ သူရဲ့ယူနိုက်တက် ကစားသမားဘဝတလျှောက်မှာ အခုအကြိမ်မှသာ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ စတင်စဉ်းစားလာခဲ့တာဖြစ်ပြီး သူရဲ့လက်ရှိ စာချုပ်သက်တမး်ကလည်း (၁၈)လသာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကတော့ သူတို့ရဲ့ အကယ်ဒမီထွက် ကြယ်ပွင့်ကစားသမားကို အသင်းကနေ အလွယ်တကူ မထွက်ခွာစေချင်ပဲ ထပ်မံသက်တမ်းတိုးဖို့ကိုသာ ကြိုးပမ်းနေသလို နည်းပြရန်းနစ်ကလည်း လတ်တလောမှာ ရပ်ရှ်ဖို့ဒ်ကို အနာဂတ်ကိစ္စတွေထက် အသင်းအတွက်ကိုပဲ အာရုံစိုက်စေချင်နေတာ ဖြစ်ပါတယ်။