ဘာစီလိုနာအသင်းနဲ့ခရိုအေးရှားအသင်းတို့ရဲ့အသက်၃၁နှစ်အရွယ်ဝါရင့်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ရာကီတစ်ကတော့သူ့အနေနဲ့လာမယ့်ဘောလုံးရာသီမှာစီးရီးအေကလပ်ဂျူဗင်တပ်အသင်းဆီပြောင်းရွှေ့ကာကစားချင်ပါတယ်လို့အရိပ်အမြွက်ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca.com

     ရာကီတစ်ဟာလက်ရှိဘောလုံးရာသီမှာဘာစီလိုနာအသင်းရဲ့ပထမဦးစားပေးကွင်းလယ်လူအဖြစ်ကနေလျှောကျခဲ့ပြီးအရန်ကစားသမားအဖြစ်သာကစားနေရတဲ့အနေအထားကိုသဘောကျနှစ်သက်ခြင်းမရှိတာကြောင့်လာမယ့်နွေရာသီအပြောင်းအရွှေ့မှာအသင်းပြောင်းဖို့စီစဉ်နေပြီးဂျူဗင်တပ်အသင်းကသူ့ကိုခေါ်ယူဖို့ပစ်မှတ်ထားနေပါတယ်။

Photo Credit: Marca.com

    သတင်းဌာနတစ်ခုနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာရာကီတစ်ကသူဟာဂျူဗင်တပ်ရဲ့ကြယ်ပွင့်ကစားသမားဖြစ်သူစီရိုနယ်ဒိုနဲ့တွဲကာကစားချင်ကြောင်းဖွင့်ဟခဲ့ပြီးဂျူဗင်တပ်ဆီပြောင်းရွှေ့ဖို့စိတ်ဝင်စားနေကြောင်းကိုဖွင့်ဟပြောဆိုခဲ့တာပါ။ဒါပေမယ့်ရာကီတစ်ကသူဟာစီရိုနယ်ဒိုနဲ့တွဲဖက်ကာကစားလိုတာမှန်ပေမယ့်လက်ရှိအသင်းဖော်မက်ဆီကသာကမ္ဘာ့အကောင်းဆုံးကစားသမားပါလို့ပြောပြသွားခဲ့ပါတယ်။

Photo Credit: Marca.com

     ရိုနယ်ဒိုနဲ့တွဲဖက်ကစားချင်မှုအပေါ်ဒါပေါ့။ကျွန်တော်ကသူနဲ့အတူတွဲကစားချင်ပါတယ်။သူဟာဘောလုံးသမိုင်းတစ်လျှောက်ဘအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးလေ။ခင်ဗျားကသူကစားနေတာကိုကြည့်ပြီးစိတ်ကျေနပ်မှုရနိုင်ပါတယ်။သူကဂျူဗင်တပ်မှာအရမ်းကောင်းတဲ့စွမ်းရည်ကိုပြသထားသူပါလို့ရာကီတစ်ကဖွင့်ဟသွားခဲ့တာပါ။