ကွင်းလယ်လူ ကစားသမား ဖြစ်သူ ရာကီတစ်ကတော့ ဆီဗီလာအသင်းကို ပြောင်းရွေ့သွားခဲ့တာဖြစ်ပေမယ့် ကစားသမားတွေ အားလုံးအတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခုကတော့ ဘာစီလိုနာအသင်း ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ရာကီတစ်ဟာ ယခုအပတ်မှာ အသင်းဟောင်း ဆီဗီလာအသင်းကို (၄) နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ရွေးချယ်မှုက အသင်းကနေ ဘာစီလိုနာ အဓိက ကစားသမားတွေ ထွက်သွားဖို့အတွက် လမ်းကြောင်း ခင်းပေးလိုက်သလို ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိမှာ ဘာစီလိုနာအသင်းကနေ ထွက်သွားဖို့အတွက် ပြင်ဆင်လျက် ရှိပြီး သူ့ရဲ့ ဖခင် ဖြစ်သူက ယခုအပတ်၊ ဗုဒ္စဟူးနေ့မှာ အပြောင်းအရွေ့ ကိစ္စအတွက် ဘာစီလိုနာအသင်းနဲ့ အပြန် အလှန် တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ရာကီတစ်ကတော့ ကစားသမားတွေအနေနဲ့ သူတို့ အနာဂတ်ကို သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ရမှာ ဖြစ်ပြီး ကစားသမားတွေအတွက် ပထမဆုံး ရွေးချယ်မှု နဲ့ အကောင်းဆုံး ရွေးချယ်မှုကတော့ ဘာစီလိုနာအသင်း ဖြစ်တယ်လို့ သတင်းထောက်တွေကို အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

ရာကီတစ်က “ကစားသမားတိုင်းအတွက် ပထမဆုံး ရွေးချယ်မှု နဲ့ အကောင်းဆုံး ရွေးချယ်မှုက ဘာစီလိုနာ အသင်း ဖြစ်ပါတယ်။ ပြီးရင် ကစားသမားတိုင်းက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ချရပါမယ်။ ကျွန်တော့်အတွက်က ပထမဆုံး ရွေးချယ်မှုက အမြဲတမ်း ဘာစီလိုနာအသင်း ဖြစ်ပါတယ်။ ကစားသမားတိုင်းက သူတို့ရဲ့ ကိုယ်တိုင် စိတ်ဖြာသုံးသပ်မှုကို ပြုလုပ်ရပါမယ်။ ဒီအချိန်က ကျွန်တော့်ရဲ့ အချိန် ဖြစ်မယ်လို့ ကျွန်တော် ထင်ခဲ့မိပါတယ်။ မက်ဆီ နဲ့ အခြား ကစားသမားတွေက ဘာတွေ ပြုလုပ်သွားမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ကိုသာ သိချင်ရင် မေးသင့်ပါတယ်။ ကျွန်တော် အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ စကားပြောခဲ့ပြီး အားလုံးက ပျော်ကြပါတယ်။ အားလုံးက သူတို့ရဲ့ ကိုယ်ပိုင် စိတ်ဖြာမှုကို ပြုလုပ်ပြီး အကောင်းဆုံး လူပ်မယ်လို့ ထင်တယ်”လို့ ပြောခဲ့ပါတယ်။