အာလင်းဟော်လန်း ယူလီယန်အဲလ်ဗာရက်ဇ်တို့လို တိုက်စစ်ကစားသမားတွေ အသင်းကို ရောက်ရှိလာပြီးနောက် သူရဲ့မန်စီးတီးကစားသမားဘဝ အနာဂတ်က လှုပ်ခတ်လာခဲ့ရတဲ့ ရာဟင်စတာလင်ဟာ ဒီနှစ်နွေမှာပဲ မန်စီးတီးဘက်က သူ့ကို အသင်းကနေ ရောင်းချသွားဖွယ် ရှိနေတဲ့အပြင် လက်ရှိမှာ ချယ်လ်ဆီးအသင်းကလည်း စတာလင်ကို ခေါ်ယူသွားနိုင်မယ့် အခြေအနေမျိုး ရောက်ရှိနေသလို ကစားသမားကိုယ်တိုင်ပါ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ ESPN က ဖော်ပြသွားခဲ့ပါတယ်။

Chelsea plan Raheem Sterling transfer ahead of Romelu Lukaku exit to Inter Milan - Paper Round - Eurosport

Photo Credit : Eurosport

အသက်(၂၇)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား စတာလင်ဟာ ၂၀၁၅ခုနှစ်ကတည်းက လီဗာပူးလ်ကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ ဘောလုံးရာသီ (၇)ရာသီထိ ဖြတ်သန်းပြီးနောက်မှာ ပရီးမီးယားလိဂ်ဖလား (၄)ကြိမ် လိဂ်ဖလား (၄)ကြိမ် အက်အေဖလား (၁)ကြိမ်နဲ့ ကွန်မြူနတီဒိုင်း (၁)ကြိမ် ပိုင်ဆိုင်ခဲ့သလို အသင်းအတွက်ကိုလည်း (၃၃၉)ပွဲ ပါဝင်ကစားပေးခဲ့ကာ (၁၃၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ စတာလင်ဟာ လာမယ့်နှစ်မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး အခုထိလည်း စာချုပ်ကိစ္စက လိပ်ခဲတည်းလည်း ဖြစ်နေရတဲ့အပြင် သူရဲ့ စီးတီး ကစားသမားဘဝဟာလည်း မရေရာမှုတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။

Chelsea eye a swoop for Manchester City's Raheem Sterling

Photo Credit : Football Talk

ဒီလို အနာဂတ် မရေရာလာတဲ့ စတာလင်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားလာကြတဲ့အပြင် လက်ရှိမှာလည်း ချယ်လ်ဆီးအသင်းကပါ စတာလင်ကို သူတို့အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ သတ်မှတ်လာခဲ့ပါတယ်။ ချယ်လ်ဆီးဟာ မနှစ်ကမှ အင်တာမီလန်ကနေ ပေါင်သန်း(၁၀၀)နီးပါးလောက်နဲ့ အသင်းဆီ ပြန်လည်ခေါ်ယူထားတဲ့ တိုက်စစ်မှူး လူကာကူ ခြေမပေါ်မှုကြောင့် အင်တာအသင်းဆီ အငှားနဲ့ ပြန်လည်ပို့ဆောင်ရဖို့ ရှိနေသလို လစ်လပ်သွားတဲ့ တိုက်စစ်ပိုင်းအတွက်ကိုလည်း ထိပ်တန်းကစားသမားတစ်ဦးနဲ့ ပြန်လည်အစားထိုးရဖို့ ရှိနေတဲ့အတွက် စတာလင်လို ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ကြွယ်ဝနေတဲ့ ကစားသမားကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ ပထမတော့ ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် အူစမန်ဒမ်ဘီလီကို လိုက်နေခဲ့တာ ဖြစ်ပေမယ့်လည်း ဒမ်ဘီလီရဲ့ အခြေအနေက မရေမရာ ဖြစ်လာခဲ့တာကြောင့် စတာလင်ဘက်ကို ပြောင်းလဲပစ်မှတ်ထားလာခဲ့သလို စတာလင်ကိုယ်တိုင်ကလည်း မန်ချက်စတာကနေ လန်ဒန်ကို ခရီးနှင်ရဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။