ဘရာဇီး လူမျိုး မန်ယူအသင်းရဲ့ နောက်ခံ ကစားသမားဟောင်း လက်ရှိ လိုင်ယွန်အသင်းရဲ့ ညာနောက်ခံလူ ရာဖေးလ်ကတော့ တစ်နိုင်ငံသားချင်း ဖြစ်တဲ့ ဘရာဇီး လက်ရွေးစင်အသင်း နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို ခေါင်းဆောင် မဖြစ်နိုင်ပါဘူးလို့ ပြောကြားသွားပါတယ်။ ဘရာဇီး တိုက်စစ်မှူး နေမာဟာ (၂၀၁၈) ခုနှစ် ရုရှား ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ရှုံးထွက်အဆင့် ကွာတား ဖိုင်နယ် ပွဲစဉ်က ထွက်ခွာခဲ့ရပြီးနောက် ဘရားဇီး အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခံခဲ့ရပေမဲ့ နည်းပြ တီတီက သူ့ကို အသင်းခေါင်းဆောင် အဖြစ်က ဖြုတ်ချခဲ့ပါတယ်။

Photo Credit: Dailymail

ဘရာဇီး နည်းပြဟောင်း တီတီဟာ ပြီးခဲ့တဲ့ နှစ်က ကိုပါ အမေရိက ဖလား ပြိုင်ပွဲမှာ ဘရာဇီး တိုက်စစ်မှူး နေမာကို အသင်းခေါင်းဆောင် အဖြစ်က ဖြုတ်ချခဲ့ပြီး ညာနောက်ခံ ကစားသမား ဒန်နီ အဲလ်ဗက်စ်ကို ဘရာဇီး အသင်း ခေါင်းဆောင်သစ် အဖြစ် ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ရာဖေးလ်ဟာ (၂၀၁၂) ခုနှစ် အိုလံပစ် ပြိုင်ပွဲမှာ နေမာနဲ့ အတူ ကြေးတံဆိပ်ဆုကို ရရှိခဲ့ပြီး သူက အသက် (၂၈) နှစ်အရွယ် တိုက်စစ်မှူး နေမာအနေနဲ့ ကွင်းအပြင်မှာ တိုးတတ်စရာတွေ အများကြီး ရှိနေသေးပြီး ခေါင်းဆောင် မဖြစ်နိုင်ပါဘူးလို့ အခိုင်အမာ ပြောကြားသွားပါတယ်။

Photo Credit: Dailymail

ရာဖေးလ်က “နေမာက ကွင်းထဲကို ဝင်ရောက်လာဖို့အတွက် ကွင်းအပြင်မှာ တိုးတတ်စရာတွေ အများကြီး ရှိပါသေးတယ်။ သူ တိုးတတ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပြီး တကယ်လို့များ သူသာ တိုးတတ်လာမယ် ဆိုရင် ကျွန်တော်တို့ ကမ္ဘာ့ဖလားကို ရရှိနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ နေမာက ခေါင်းဆောင် မဖြစ်နိုင်ပါဘူး။ သူက ခေါင်းဆောင် တစ်ဦး မဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။ တကယ်လို့ သူ ကောင်းတယ် ဆိုရင် သူ အာရုံစိုက်တယ် ဆိုရင် သူ ကြိုက်တာ သူ လုပ်နိုင်ပါတယ်။ သူက ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်ပြီး လုပ်ရမယ့်ဟာ အများကြီး ရှိပါတယ်။ တကယ်လို့ သူ လုပ်ရမယ့်ဟာတွေကို သူ လုပ်ပြီး အခြားသူတစ်ယောက်က အဲဒါတွေကို သူ့ရဲ့ ခေါင်းထဲ ထည့်ပေးနိုင်တယ် ဆိုရင် ကောင်းမှာပါပဲ”လို့ ပြောသွားခဲ့ပါတယ်။