MySport Myanmar

ကမ္ဘာ့ဖလားတုန်းက အသုံးပြုခဲ့တဲ့ cabins များကို တူရကီနဲ့ ဆီးရီးယားသို့ လှူဒါန်း

ပြီးခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ကာတာနိုင်ငံက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ အသုံးပြုခဲ့တဲ့ cabins တွေနဲ့ စခန်းချယာဉ်တွေကို မကြာသေးခင်ကမှ ဆိုးရွှားလှတဲ့ ငလျင်ဘေးဒဏ် ခံစားခဲ့ရသော တူရကီနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတွေဆီ လှူဒါန်းမှု ပြုလုပ်ခဲ့တယ်လို့ ကာတာအာဏာပိုင်တွေက ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit : The Local Report

တူရကီနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတွေအတွင်း ပြင်းအား ရစ်ချ်တာစကေး (၇.၈)အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူပေါင်း (၃၃၀၀၀)ခန့် သေဆုံးခဲ့ရပြီး လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရလို့ ဒီအိမ်နီးချင်း နိုင်ငံနှစ်ခုအတွက် အကူအညီတွေ အမြောက်အများ လိုအပ်နေတယ်လို့ UN ကနေ ထုတ်ပြန်လာခဲ့ပါတယ်။ ဒါကြောင့် ကာတာနိုင်ငံ အာဏာပိုင်တွေက ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အသုံးပြုခဲ့တဲ့ cabins တွေနဲ့ စခန်းချယာဉ် (၁၀၀၀၀)ခန့်ကို တူရကီနဲ့ ဆီးရီးယားတို့ဆီ စေလွွှတ် လှူဒါန်းသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Head Topic

ဒီလို ရွှေ့လျား အသုံးပြုလို့ရတဲ့ အဆောက်အဦးငယ်လေးတွေက ငလျင်ဒဏ်ကြောင့် နေအိမ်တိုက်တာ ဆုံးရှုံးသွားခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယားနိုင်ငံသားတွေ နေထိုင်ဖို့အတွက် အဆင်ပြေစေမှာဖြစ်ပြီး ကာတာနိုင်ငံကလည်း ကမ္ဘာ့ဖလား ကျင်းပပြီးကတည်းက ဒီဟာတွေကို လှူဒါန်းသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ပထမတစ်ခေါက် ပို့ဆောင်မှုကိုတော့ ဒီကနေ့မှာပဲ ဒိုဟာဆိပ်ကမ်းကနေ တူရကီနိုင်ငံဆီ ပို့ဆောင်နေပြီဖြစ်ပြီး နောက်ထပ် ပို့ဆောင်မှုတွေကိုလည်း လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဆက်လက် လုပ်ဆောင်သွားဖို့ မျှော်လင့်နေပါတယ်။ ပင်လယ်ကွေ့နိုင်ငံများ အာရပ်စော်ဘွား Sheikh Tamim bin Hamad Al-Thani ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တူရကီနိုင်ငံကို သွားရောက်ခဲ့ပြီး တူရကီ သမ္မတ Recep Tayyip Erdogan နဲ့ တွေ့ဆုံခဲ့ကာ သဘာဝ ဘေးအန္တရာယ်ဒဏ်ကနေ လျော့ပါး သက်သာစေဖို့အတွက် အကူအညီ ပေးအပ် ဆောင်ရွက်သွားမယ့် ကိစ္စတွေ ဆွေးနွေးသွားခဲ့ကြပါတယ်။ ကာတာနဲ့ တူရကီနိုင်ငံတို့ဟာ မကြာသေးမီ နှစ်များအတွင်း ပိုမို မိုင်မာလာတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားခဲ့ကြသလို ငလျင်ဘေးမတိုင်ခင်ကတည်းက ကာတာဟာ ရုန်းကန်မှုတွေ ရှိနေတဲ့ တူရကီ စီးပွားရေး အခြေအနေအတွက် ဒေါ်လာတွေ ဘီလျံချီ ဖြည့်သွင်းထားခဲ့တဲ့အပြင် ဈေးဝယ်စင်တာတွေနဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းတွေမှာလည်း ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

Exit mobile version