ဘာစီလိုနာအသင်းနဲ့စပိန်လက်ရွေးစင်အသင်းတို့ရဲ့အသင်းခေါင်းဆောင်တစ်ဦးအဖြစ်တာဝန်ယူခဲ့ဖူးသလိုဘောလုံးလောကရဲ့အကောင်းဆုံးအသင်းခေါင်းဆောင်တွေထဲကတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့ပူယိုးလ်ဟာသူ့ရဲ့အသင်းဖော်ဟောင်းမက်ဆီတစ်ယောက်ဘောလုံးလောကကနေဘယ်အချိန်မှာအနားယူမလဲဆိုတာကိုခန့်မှန်းပြောဆိုသွားပါတယ်။

Photo Credit: Marca.com

     လက်ရှိအချိန်မှာဘာစီလိုနာအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူထားတဲ့မက်ဆီဟာဘာစီလိုနာအသင်းရဲ့သမိုင်းမှာသာမကပဲကမ္ဘာ့ဘောလုံးသမိုင်းမှာပါအကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီးသူသာအနားယူသွားပါကဒါဟာဘာစီလိုနာအသင်းအတွက်သာမကဘောလုံးလောကအတွက်ပါကြီးမားတဲ့နစ်နာမှုတစ်ခုဖြစ်သွားမှာပါ။

Photo Credit: Marca.com

     ဒါပေမယ့်သင်္ခါရသဘောတရားအရတစ်နေ့မှာတော့မက်ဆီဟာသူချစ်တဲ့ဘောလုံးကမ္ဘာကိုစွန့်ခွာသွားရမှာဖြစ်ပြီးအဲ့ဒီအချိန်ကဘယ်အချိန်ဖြစ်နိုင်သလဲဆိုတာကိုပူယိုးလ်ကအခုလိုပဲခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Marca.com

    ပူယိုးလ်ကမက်ဆီဟာအခုချိန်မှာ၃၂နှစ်ရှိသွားပါပြီသူ့လိုကိုယ့်ကိုကိုယ်ဂရုစိုက်တတ်တဲ့ကစားသမားတစ်ဦးအတွက်အသက်၃၈နှစ်အထိကစားဖို့ဟာဖြစ်နိုင်ချေရှိတဲ့အရာတစ်ခုပါဒါဆိုဘာ့ကြောင့်ကျွန်တော်တို့ကသူမရှိတဲ့အနာဂတ်အတွက်ပြောနေရမှာလဲ။သူနဲ့အတူဆုဖလားတွေဘယ်လိုယူမလဲဆိုတာကိုသာပြောနေရမှာပါလို့ပြောကြားသွားခဲ့တာပါ။