ပူယိုးလ်ကတော့ နည်းပြ ပက် ဂွါဒီယိုလာအနေနဲ့ ချန်ပီယံလိဂ် ဆုဖလားကို (၃) ကြိမ်မြောက် ရရှိနိုင်တယ်လို့ ပြောခဲ့ပြီး မန်စီးတီးအသင်းနဲ့ ဖြစ်မလားတော့ မသိဘူးလို့ ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာ ဂန္တဝင် ကစားသမား ပူယိုးလ်ဟာ ချန်ပီယံလိဂ် ဆုဖလားကို (၃) ကြိမ် ရရှိနိုင်ခဲ့ပြီး နည်းပြ ပက် ဂွါဒီယိုလာရဲ့ လက်ထက်မှာ ချန်ပီယံလိဂ် ဆုဖလား (၂) ကြိမ် ရရှိသွားခဲ့ပါတယ်။ ပူယိုးလ်ကတော့ နည်းပြ ဂွါဒီယိုလာအနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းကို မှီဖို့ မဖြစ်နိုင်တာကြောင့် ချန်ပီယံလိဂ်ကိုသာ အာရုံစိုက်သင့်တယ်လို့ အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Goal

မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ရီးရဲလ်အသင်းကို (၁-၂) နဲ့ အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့် တက်လှမ်းဖို့ အလားအလား များသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေး ပိုများနေပြီ ဖြစ်ပေမဲ့လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ချန်ပီယံ ဖြစ်ဖို့ အလှမ်းဝေးနေပြီပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ဖလား ရရင် (၃) နှစ်ဆက် ရရှိသွားမှာ ဖြစ်ပေမဲ့ မရဖို့ များနေပြီး ပူယိုးလ်က ချန်ပီယံလိဂ်ကို အာရုံစိုက်သင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ပူယိုးလ်က “ကျွန်တော့်အတွက်တော့ နည်းပြ ပက် ဂွါဒီယိုလာက ကျွန်တော် ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး နည်းပြ ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံး နည်းပြပါပဲ။ အသင်းတစ်သင်းကို နည်းပြ ဂွါဒီယိုလာက သူ ကစားစေချင်တဲ့ အသင်း နည်းပြရင် ချက်ချင်းပဲ ပြောနိုင်ပါတယ်။ ဒါကြောင့်ပဲ သူကသာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တာပါ။ မန်စီးတီးအသင်းနဲ့ ရမယ်လို့တော့ ကျွန်တော် လုံးဝ မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမျာ အများကြီး အာရုံစိုက်နေပါတယ်။ ဘာလို့လဲဆိုရင် ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းကို မှီနိုင်ဖို့က လုံးဝ မဖြစ်နိုင်တော့လို့ပါပဲ”လို့ ပြောသွားတာ ဖြစ်ပါတယ်။