ခ်ယ္လ္ဆီးအသင္းကို လူငယ္ကစားသမားေတြ ၊ လက္က်န္ကစားသမားေတြနဲ႔ အေျပာင္းအေရႊ႕တစ္ရာသီ ပိတ္ပင္ခံရမွုကို ႀကံ့ႀကံ့ခံကာ ေက်ာ္ျဖတ္ျပထားတဲ့ နည္းျပလမ္းပတ္ဟာ ယခုဇန္နဝါရီအေျပာင္းအေရႊ႕မွာေတာ့ အသင္းကို ျပန္လည္အားျဖည့္ဖို႔အတြက္ စီစဥ္ေနပါတယ္။ လက္ရွိမွာေတာ့ လမ္းပတ္ဟာ အသင္းမွာ အားနည္းခ်က္ေတြျဖစ္ေနတဲ့ ေနာက္တန္းနဲ႔ ေရွ႕တန္းကို အားျဖည့္ဖို႔အတြက္ လွုပ္ရွားေနေၾကာင္း လန္ဒန္အေျခစိုက္သတင္းေတြက ေဖာ္ျပထားၾကပါတယ္။

Photo Credit: Metro.com

ဂ်ာမဏီသတင္းစာေတြရဲ့ ေဖာ္ျပခ်က္ေတြအရ ခ်ယ္လ္ဆီးအသင္းဟာ ေဒါ့မြန္အသင္းမွ ထြက္ခြာဖို႔အတြက္ ေရပန္းစားေနတဲ့ ေဒါ့မြန္အသင္းရဲ့ အဂၤလန္လူငယ္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူနိုင္ဖို႔ အေကာင္းဆုံးအေနအထား တစ္ရပ္မွာရွိေနေပမယ့္ ခ်ယ္လ္ဆီးအသင္းဟာ ဆန္ခ်ိဳကို ကမ္းလွမ္းထားမွုအား ႐ုတ္တရတ္ဆိုသလို ရပ္ဆိုင္းထားခဲ့တယ္လို႔ သိရွိရပါတယ္။

Photo Credit: Metro.com

ခ်ယ္လ္ဆီးအသင္းနဲ႔ နီးစပ္သူေတြရဲ့ ေျပာဆိုခ်က္ေတြအရ ခ်ယ္လ္ဆီးအသင္းဟာ ကနဦးမွာ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားခဲ့သလို အင္တိုက္အားတိုက္ ႀကိဳးပမ္းခဲ့ေပမယ့္ ယခု ေနာက္ပိုင္းမွာေတာ့ အသင္းနည္းျပျဖစ္သူ လမ္းပတ္ရဲ့စကားတစ္ခြန္းေၾကာင့္ အေျပာင္းအေရႊ႕ လုပ္ေဆာင္ေနမွုေတြကို ရပ္ဆိုင္းခဲ့တာလို႔ သိရပါတယ္။ လမ္းပတ္ဟာ ေဒါ့မြန္အသင္းကေန ေခၚယူထားတဲ့ ပူလီဆစ္ရဲ့ေျခစြမ္းကို သေဘာမက်တာေၾကာင့္ ဆန္ခ်ိဳကို ေခၚယူမွုမွာလည္း သံသယဝင္ေနတာပါ။

Photo Credit: Metro.com

ပူလီဆစ္ဟာ ဆန္ခ်ိဳေရာက္လာၿပီးေနာက္ ေဒါ့မြန္အသင္းကေန ခ်ယ္လ္ဆီးအသင္းထံကို ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔အတူ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီမွာေတာ့ ခ်ယ္လ္ဆီးအသင္းအတြက္ ေျခစြမ္းေကာင္းေတြ ျပသနိုင္ဖို႔ ႐ုန္းကန္ေနရသူပါ။ လမ္းပတ္ဟာ ပူလီဆစ္ရဲ့ ေျခစြမ္းအေပၚ သေဘာမက်တာေၾကာင့္ ဆန္ခ်ိဳကိုလည္း အသင္းထံမေခၚယူေစခ်င္ဘူးလို႔ သိရကာ ဆန္ခ်ိဳကို ေခၚယူမယ့္အစား အသင္းရဲ့လူငယ္ကစားသမားျဖစ္တဲ့ အိုဒြိဳင္းကို ေနရာေပးမယ္လို႔ သိထားရပါတယ္။

ချယ်လ်ဆီးအသင်းကို လူငယ်ကစားသမားတွေ ၊ လက်ကျန်ကစားသမားတွေနဲ့ အပြောင်းအရွှေ့တစ်ရာသီ ပိတ်ပင်ခံရမှုကို ကြံ့ကြံ့ခံကာ ကျော်ဖြတ်ပြထားတဲ့ နည်းပြလမ်းပတ်ဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့မှာတော့ အသင်းကို ပြန်လည်အားဖြည့်ဖို့အတွက် စီစဉ်နေပါတယ်။ လက်ရှိမှာတော့ လမ်းပတ်ဟာ အသင်းမှာ အားနည်းချက်တွေဖြစ်နေတဲ့ နောက်တန်းနဲ့ ရှေ့တန်းကို အားဖြည့်ဖို့အတွက် လှုပ်ရှားနေကြောင်း လန်ဒန်အခြေစိုက်သတင်းတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Metro.com

ဂျာမဏီသတင်းစာတွေရဲ့ ဖော်ပြချက်တွေအရ ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းမှ ထွက်ခွာဖို့အတွက် ရေပန်းစားနေတဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်လူငယ်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံးအနေအထား တစ်ရပ်မှာရှိနေပေမယ့် ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို ကမ်းလှမ်းထားမှုအား ရုတ်တရတ်ဆိုသလို ရပ်ဆိုင်းထားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: Metro.com

ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရ ချယ်လ်ဆီးအသင်းဟာ ကနဦးမှာ ဆန်ချိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့သလို အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ပေမယ့် ယခု နောက်ပိုင်းမှာတော့ အသင်းနည်းပြဖြစ်သူ လမ်းပတ်ရဲ့စကားတစ်ခွန်းကြောင့် အပြောင်းအရွှေ့ လုပ်ဆောင်နေမှုတွေကို ရပ်ဆိုင်းခဲ့တာလို့ သိရပါတယ်။ လမ်းပတ်ဟာ ဒေါ့မွန်အသင်းကနေ ခေါ်ယူထားတဲ့ ပူလီဆစ်ရဲ့ခြေစွမ်းကို သဘောမကျတာကြောင့် ဆန်ချိုကို ခေါ်ယူမှုမှာလည်း သံသယဝင်နေတာပါ။

Photo Credit: Metro.com

ပူလီဆစ်ဟာ ဆန်ချိုရောက်လာပြီးနောက် ဒေါ့မွန်အသင်းကနေ ချယ်လ်ဆီးအသင်းထံကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့အတူ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာတော့ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူပါ။ လမ်းပတ်ဟာ ပူလီဆစ်ရဲ့ ခြေစွမ်းအပေါ် သဘောမကျတာကြောင့် ဆန်ချိုကိုလည်း အသင်းထံမခေါ်ယူစေချင်ဘူးလို့ သိရကာ ဆန်ချိုကို ခေါ်ယူမယ့်အစား အသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ အိုဒွိုင်းကို နေရာပေးမယ်လို့ သိထားရပါတယ်။