ချယ်လ်ဆီးအသင်းရဲ့ အမေရိကန် တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်က ဒေါ့မွန်အသင်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ရောက်ရှိလာပြီးနောက်ပိုင်းမှာ အသင်းနဲ့အတူ ပြည်တွင်းရှုံးထွက်ဖလား ပြိုင်ပွဲတွေဖြစ်တဲ့ အက်အေဖလားနဲ့ လိဂ်ဖလားပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေကို အခုတစ်ကြိမ် အပါအဝင် (၄)ကြိမ်ထိ တတ်ရောက်ထားနိုင်ခဲ့ပေမယ့် နောက်ဆုံးကစားထားတဲ့ ဖိုင်နယ်(၃)ကြိမ်မှာ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ထားရပြီး ဒုတိယနေရာတွေနဲ့သာ ကျေနပ်ထားခဲ့ရပါတယ်။

Christian Pulisic Says New Chelsea Position Is 'Not My Favorite'

Photo Credit : Insider

အသက်(၂၃)နှစ်အရွှယ်ရှိ အမေရိကန်လက်ရွေးစင် တောင်ပံကစားသမား ပူလီဆစ်ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် အသင်းနဲ့အတူ အက်အေဖလားဖိုင်နယ်(၂)ပွဲ လိဂ်ဖလားဖိုင်နယ်(၁)ပွဲ ပါဝင်ကစားထားခဲ့ရပြီး အဲ့ဒီဖိုင်နယ်(၃)ပွဲလုံးမှာ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ထားခဲ့ရတာ ဖြစ်ပါတယ်။ ပူလီဆစ်ဟာ သူရဲ့ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီမှာပဲ အသင်းနဲ့အတူ အက်အေဖလားဖိုင်နယ်ပွဲကို အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ပူလီဆစ်ကိုယ်တိုင် ပွဲအစ (၅)မိနစ်မှာ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပေမယ့်လည်း တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့လို့ ပွဲကို ဆက်လက်မကစားနိုင်ခဲ့သလို သူရဲ့ချယ်လ်ဆီးအသင်းကလည်း အာဆင်နယ်ကို အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Goal

ဒါ့အပြင် ပူလီဆစ်ရဲ့ချယ်လ်ဆီးက မနှစ်က ဘောလုံးရာသီအတွင်း လက်စတာအသင်းကို အက်အေဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ရသလို ဒီရာသီမှာလည်း လီဗာပူးလ်အသင်းကို လိဂ်ဖလားဖိုင်နယ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ထားခဲ့ရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီရာသီရဲ့ နောက်ထပ် ရှုံးထွက်ပြိုင်ပွဲဖြစ်တဲ့ အက်အေဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာပါ လီဗာပူးလ်အသင်းနဲ့ နောက်တစ်ကြိမ် ထပ်မံဆုံတွေ့နေတာဖြစ်လို့ ဒီတစ်ကြိမ်မှာ ချယ်လ်ဆီးနဲ့ ပူလီဆစ်အတွက် ပြည်တွင်းပြ်ိုင်ပွဲ ဖိုင်နယ်ကြမာဆိုးကို တွန်းလှန်နိုင်မလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရပါတယ်။ ပူလီဆစ်က “ငါတို့က သူတို့(လီဗာပူးလ်)တွေနဲ့ သေချာပေါက်ကို ထပ်မံ ယှဉ်ပြိုင်ကစားနေချင်တာဖြစ်ပြီးတော့ အဲ့ဒီပွဲကလည်း တကယ့်ကို ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ငါတို့ဘက်ကလည်း အဲ့ဒီစိန်ခေါ်မှုကို မျှော်လင့်နေပါပြီ။ ငါတို့တွေ ကောင်းကောင်း ပြင်ဆင်ထားချင်ပါတယ်။ ကျွန်တော်လည်း တတ်နိုင်သမျှ အသင်းအတွက် ပါဝင်ကစားသွားချင်ပါတယ်။ ဒါက ကျွန်တော်ရဲ့ ရည်မှန်းချက်ပါ။ ဖိုင်နယ်ပွဲမှာ ငါတို့တွေ အသင်းအတွက် ရာနှုန်းပြည့် အဆင့်သင့် ဖြစ်နေစေချင်ပါတယ်။ ဒီပွဲမှာ ပါဝင်ရနိုင်ဖို့ အစွမ်းကုန် ကြိုးစားပြီး အနိုင်ရဖို့အတွက်ပါ ကူညီပေးနိုင်မယ်လို့ပါ မျှော်လင့်ပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။