အသင်းကို GOAT လို့ တစ်ကမ္ဘာလုံး ဝိုင်းသတ်မှတ်ထားကြတဲ့ လီယွန်နယ်မက်ဆီ ပြော်ငးရွှေ့ရောက်ရှိလာတာကြောင့် မက်ဆီရယ် နေမာရယ် ဘာပေရယ် တကယ့်ကို အလန်းစား အမိုက်စား တိုက်စစ်အတွဲအဖက်အပြင် အသင်းဟောင်းတွေနဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်ခဲ့ကြဖူးတဲ့ ရာမို့စ် ဝိုင်နယ်လ်ဒမ်းတို့ အပါအဝင် ယူရို-၂၀၂ဝမှာပါ အီတလီနဲ့ ချန်ပီယံဖြစ်ထားခဲ့တဲ့ ဒွန်နာရမ်မာတို့ကိုပါ ခေါ်ယူထားနိုင်ခဲ့တော့ ပီအက်စ်ဂျီကို ဒီရာသီ ချန်ပီယံလိဂ်မှာ တစ်ခုခု လုပ်ပြနိုင်လိမ့်မယ်လို့ ယူဆလာခဲ့ကြပါတယ်။

Photo Credit : Live Soccer TV

ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပဲ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့်ကနေပဲ တပ်ပြန်လှည့်ခဲ့ရပါတယ်။ သူတို့အသင်း ရင်ဆိုင်ခဲ့ရတာက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း ရီးယဲလ်မက်ဒရစ်။ ပြင်သစ်မြေမှာ ကစားခဲ့တဲ့ ပထမအကျော့မှာ ဘာပေရဲ့ ဂိုးနဲ့ ကပ်နိုင်ခဲ့ပြီး ဒုတိယအကျော့ရဲ့ ပထမပိုင်းမှာလည်း ဘာပေရဲ့ဂိုးနဲ့ပဲ နှစ်ကျော့ပေါင်း (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားပြီးမှ ဒုတိယပိုင်းမှာ ဘန်ဇီမာရဲ့ မိနစ်ပိုင်းအတွင်း ဟက်ထရစ်သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုရင်းနဲ့ အဆုံးသတ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို တာ့တာပြ နှုတ်ဆက်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ပီအက်စ်ဂျီအသင်းကို ၂၀၁၁ခုနှစ်မှာ စတင်ဝယ်ယူခဲ့တဲ့ ကာတာအားကစားရင်းနှီးမြှပ်နှံမှု လုပ်ငန်းစုကြီးက အသင်းကို ပြင်သစ်ဘောလုံးနယ်ပယ်မှာရော ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘောလုံးအသင်းတစ်သင်း ဖြစ်လာအောင် ဆောင်ရွှက်ပေးခဲ့သလို အသင်းအတွက် လိုအပ်မယ့် ထိပ်တန်းကစားသမားတွေကိုလည်း ဘောလုံးရာသီတိုင်းလိုလိုမှာ အရခေါ်ယူပေးခဲ့ပါတယ်။ နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ေြုကးနဲ့ ခေါ်ယူပေးခဲ့သလို မက်ဆီလို GOAT တစ်ဦးကိုလည်း အသင်းအတွက် အရခေါ်ယူနိုင်ခဲ့ပေမယ့် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီကနေ စတင်ပြီး အခုချျိိန်ထိ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်မှာ တစ်ကြိမ်မှကို ဗိုလ်မစွဲနိုင်ခဲ့ပဲ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာပဲ ဗိုလ်လုပွဲအဆင့်ထိ ပထမဆုံးအကြိမ်အဖြစ်နဲ့ တတ်လှမ်းနိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ချန်ပီယံလိဂ်မှာ အသင်းသမိုင်းတလျှောက် ဖိုင်နယ်အဆင့်ဆီ ပထမဆုံးအကြိမ် တတ်လှမ်းနိုင်ဖို့အတွက် ဘောလုံးရာသီ (၁၀)ခုအတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုအတွက် ယူရို (၁.၄) ဘီလီယံလောက်ထိကို သုံးစွဲခဲ့ရတာဖြစ်သလို ဒီနှစ်လို မျှော်လင့်ချင်စရာ အကောင်းဆုံး ကစားသမား အစုအဖွဲ့ ပိုင်ဆိုင်ထားတဲ့ ဘောလုံးရာသီမှာပါ ပီအက်စ်ဂျီဟာ (၁၆)သင်းအဆင်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ သေချာတာတော့ ပီအက်စ်ဂျီအသင်းအနေနဲ့ တကယ့်ကို အရည်အချင်းရှိတဲ့ နည်းပြကောင်းတစ်ဦး ဥရောပ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြကောင်းမျိုး လိုအပ်နေတဲ့အပြင် ကစားသမားတွေအနေနဲ့ကလည်း တစ်ဦးကောင်းပုံစံထက် အသင်းလိုက် ပုံစံကောင်းမျိုးနဲ့ အသင်းအတွက် ဒီထက်မက ပိုမိုစွမ်းဆောင်ပေးဖို့ ပိုမိုပေးဆပ်သွားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။