MySport Myanmar

ဘာပေဂျာစီကို ကျော်လွန်ပြီး ပီအက်စ်ဂျီမှာ ဂျာစီရောင်းချမှု အများဆုံး ဖြစ်နေသောသူ

ဒီနှစ် ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအသင်းရဲ့ ဂျာစီရောင်းချမှုမှာ အဓိက စူပါစတား ကစားသမား ကီလီယန် အမ်ဘာပေ ဂျာစီထက် ပိုမို ရောင်းအားကောင်းနေတာ ကစားသမားသစ် လီကန်အင်ရဲ့ ဂျာစီရောင်းချမှု ဖြစ်တယ်လို့ သိရှိရပါတယ်။

လီယွန်နယ် မက်ဆီ နဲ့ နေမာတို့လို ကမ္ဘာ့ထိပ်တန်း ကစားသမားကြီး နှစ်ဦး အသင်းကနေ ထွက်ခွာသွားပြီးနောက် ဘာပေရဲ့ ဂျာစီရောင်းချရမှုက အမြင့်ဆုံးမှာ ရှိမယ်လို့ ထင်ထားခဲ့ရပေမယ့် တောင်ကိုရီးယားသား လီကန်အင်ရဲ့ ဂျာစီရောင်းချမှုကသာ ဘာပေအထက်မှာ ရှိနေခဲ့ပါတယ်။

Photo Credit : Youtube

ကမ္ဘာ့ဘောလုံးကရဲ့ GOAT ကြီးတစ်ဦးဖြစ်သူ မက်ဆီ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိပြီး (၂)နှစ်အတွင်းမှာပဲ ပီအက်စ်ဂျီရဲ့ မက်စီဂျာစီ ရောင်းချရမှုက ရောင်းအားအလွန်ကောင်းခဲ့ရသလို ဆိုရှယ်ကွန်ယက်တွေမှာလည်း ပီအက်စ်ဂျီရဲ့followers အရေအတွက်တွေက အဆမတန် တိုးလာခဲ့ပါတယ်။

ဒါတွေတင်မကသေးပဲ လက်ရှိမှာ ပီအက်စ်ဂျီရဲ့ ပြင်သစ်လီဂူး ရုပ်သံထုတ်လွှင့်ခွင့်ကိုလည်း ဝယ်ယူလိုတဲ့သူ မရှိတဲ့ အခြေအနေတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ သတင်းထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Paris Saint Germain

မက်ဆီ နေမာတို့လို ကစားသမားတွေကို လက်လွတ်ထားရတဲ့ ပီအက်စ်ဂျီဟာ ဒီရာသီမှာ အသင်းအတွက် အပြောင်းအလဲတွေ များစွာ လုပ်ဆောင်လို့ထားပြီး မူအာနီ ဂွန်ဇာလိုရာမို့စ် ဒမ်ဘီလီ အဆန်စီယို လီကန်အင် အူဂါတီ လူးကပ်စ်ဟာနန်ဒက်ဇ်တို့လို ကစားသမားတွေ ပြန်လည် အားဖြည့်ထားသလို နည်းပြကိုလည်း လူးဝစ် အန်နရီကေးနဲ့ ပူးပေါင်းထားခဲ့ပါတယ်။

ဒီကစားသမားသစ်တွေထဲကမှ မာယော့ကာကနေ ပေါင် (၁၉)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ တောင်ကိုရီးယား ကွင်းလယ် နဲ့ တောင်ပံကစားသမား လီကန်အင်က ဘာပေထက်ကို ကျော်လွန်ပြီး ပီအက်စ်ဂျီအသင်းမှာ ပေါ်ပြူလာ ဖြစ်နေရသလို သူ့နာမည်နဲ့ ကျောနံပါတ် ပါဝင်တဲ့ ဂျာစီရောင်းချမှုကလည်း ဘာပေဂျာစီ ရောင်းချမှုထက်ပင် ပိုမို များပြားနေရပါတယ်။

Exit mobile version