ပီအက်စ်ဂျီအသင်းကတော့ လာမဲ့ နွေရာသီမှာ အင်တာမီလန် ခံစစ်မှူး မီလန်ရှကရီညာကို အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့တဲ့အပြင် အခုလည်း မိုချန်ဂလာဘတ်အသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား မားကပ်စ်သူရမ်ကိုပါ free transfer နဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တယ်လို့ ပြင်သစ် သတင်းမီဒီယာ L’Equie ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

ပီအက်စ်ဂျီအသင်းဟာ လက်ရှိ အသင်းတိုက်စစ်မှာ မက်ဆီ နေမာ ဘာပေတို့အပြင် အက်ခီတိုက်ခ်လည်း ရှိနေပေမဲ့ လာမဲ့နွေမှာ နေမာကို အသင်းကနေ ရောင်းထုတ်ဖို့ အစီအစဉ် ရှိနေသလို နေမာနေရာအတွက်ကိုလည်း အရည်အသွေးမြင့် ကစားသမားတစ်ဦးနဲ့ ပြန်အစားထိုးသွားဖို့ပါ စီစဉ်နေပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီဘက်က ပြင်သစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ နောက်ခံ ကစားသမားဟောင်းကြီး လီလီယံသူရမ်ရဲ့ သားဖြစ်သူ မားကပ်စ်သူရမ်ကို လာမဲ့နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ချိန်ရွယ်နေပါတယ်။

Photo Credit : BeSoccer

အသက်(၂၅)အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား သူရမ်ဟာ ပြင်သစ်ကလပ် ဂူအင်ဂမ်ကနေ ၂၀၁၉ခုနှစ်က မိုချန်ဂလာဘတ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၂၄)ပွဲ ကစားခဲ့ကာ (၄၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ပြင်သစ်အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့ သူရမ်ဟာ လာမဲ့ ဇွန်လထဲမှာ သူနဲ့ ဂလာဘတ်အသင်းတို့ကြားက ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး သူရမ်ကိုယ်တိုင်ကလည်း ဂလာဘတ်နဲ့ သက်တမ် ထပ်တိုးဖို့ ဆန္ဒမရှိတော့တာကြောင့် အသင်းကနေ အလွတ်နဲ့သာ ထွက်ခွာသွားဖို့ပဲ စီစဉ်ထားပါတယ်။

Photo Credit : Bavarian Football Works

လက်ရှိမှာ သူရမ်ကို free transfer နဲ့ ခေါ်ယူသွားဖို့အတွက် ချဲလ်ဆီး ဘာစီလိုနာ မန်ယူနိုက်တက် ဂျုဗင်တပ်စ်နဲ့ ပီအက်စ်ဂျီအသင်းတို့ အားလုံးက စိတ်ဝင်စားနေကြပြီး သူရဲ့ဖခင် လီလီယံကတော့ မားကပ်စ်သူရမ်ဟာ ဘာစီလိုနာအသင်းမှာ ပါဝင်ကစားချင်နေကြောင်း ပြောဆိုထားခဲ့ပြီး ဘာစီလိုနာကလည်း သူရမ်ကို နွေဈေးကွက် ဖွင့်လှစ်ချိန်မှာ အရ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။