ပီအက်စ်ဂျီအသင်းကတော့ အသင်း တိုက်စစ်ပိုင်းအတွက် အူစမန် ဒမ်ဘီလီကိုရော ဂွန်ဆာလို ရာမို့စ်ကိုပါ နှစ်ဦးစလုံးကို လာမယ့် ရက်ပိုင်းအတွင်းမှာပဲ တစ်ခါတည်း ခေါ်ယူသွားမယ်လို့ ရိုမာနိုက အတည်ပြု ဖော်ပြသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ဒီနွေမှာ အသင်းအတွက် ကစားသမား ခေါ်ယူမှုတွေ များစွာ လုပ်ဆောင်ထားပေမယ့် တိုက်စစ်ပိုင်းကိုတော့ ဆက်လက် အားဖြည့်ဖို့ လိုအပ်နေသေးပြီး အဲ့ဒီအတွက် ဒမ်ဘီလီ နဲ့ ရာမို့စ်တို့ နှစ်ဦးလုံးကို ​ခေါ်ယူသွားဖို့ ရှိနေပါတယ်။

Photo Credit : Twitter

ပီအက်စ်ဂျီအနေနဲ့ မက်ဆီလို GOAT ကြီး တစ်ဦးကို လက်လွတ်လိုက်ရပြီးနောက် ဘာပေလို အသင်းရဲ့ စူပါစတား ကစားသမားကိုပါ ထပ်မံ ဆုံးရှုံးရဖို့ ရှိနေတဲ့အတွက် အခုလို အသင်းကို နာမည်ကြီး ကစားသမားသစ်တွေ ခေါ်ယူရင်း ပြန်လည် တည်ဆောက်နေပါတယ်။ လက်ရှိမှာ ဘာပေရဲ့ အခြေအနေကလည်း လာမယ့်နှစ်မှာ သေချာပေါက် လက်လွတ်ရတော့မှာဖြစ်လို့ အဲ့ဒီအတွက်ကိုလည်း ကြိုတင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီက အသင်း တိုက်စစ်ပိုင်းကို လုံးဝ ပြင်ဆင်သွားဖို့ ရှိနေပြီး ဒမ်ဘီလီ ရာမို့စ်တို့ကို ခေါ်ယူကာ ဘာပေ အက်ခီတီခီတို့ကိုလည်း အခုနွေမှာပဲ ရှင်းထုတ်ဖို့ ရှိနေပါတယ်။ တကယ်လို့ ဘာပေက အသင်းမှာပဲ ဆက်ရှိနေရင်လည်း ပီအက်စ်ဂျီက ဘာပေကို အသင်းမှာ လုံးဝမသုံးပဲ ကစားသမားသစ်တွေနဲ့သာ ပွဲထွက်လာဖို့ ရှိနိုင်ပါတယ်။

Photo Credit : Twitter

လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းက ဒမ်ဘီလီနဲ့ရော ရာမို့စ်နဲ့ပါ သဘောတူညီမှုတွေ ရယူထားနိုင်ပြီး ဒီကစားသမားနှစ်ဦးအတွက် ယူရို သန်း(၁၅၀)ဝန်းကျင်လောက်အထိ အသုံးပြုသွားရနိုင်ဖွယ် ရှိနေပါတယ်။

ပီအက်စ်ဂျီက ဒီကစားသမားနှစ်ဦး မတိုင်ခင်မှာလည်း အဆန်စီယို ၊ အူဂါတီ ၊ ရှကရီညာ ၊ လူးကပ်စ် ဟာနန်ဒက်ဇ် ၊ လီကန်အင် ၊ အန်ဒူး ၊ တဲနက်စ် ၊ အက်ခီတီခီတို့အတွက် ယူရို (၁၅၅)သန်းအထိ အသုံးပြုထားခဲ့ပြီး ကစားသမား ပြန်လည် ရောင်းချမှုမှာတော့ ယူရို (၃၁.၅)သန်းသာ ရရှိထားပါသေးတယ်။