MySport Myanmar

ဟယ်ရီကိန်းအတွက် ဇာဗီ ဆိုင်မွန်ကိုပါ အလိုက်ပေးသွားမယ့် ပီအက်စ်ဂျီ

   ပီအက်စ်ဂျီအသင်းကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် တော့တင်ဟမ်ဟော့ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို အရ ခေါ်ယူသွားချင်နေရာ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး တချို့အပြင် မကြာသေးခင်မှ PSV အသင်းကနေ ပြန်လည် ခေါ်ယူထားတဲ့ နယ်သာလန် ကစားသမားလေး ဇာဗီ ဆိုင်မွန်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။

Photo Credit : TEAMtalk

   လက်ရှိမှာ ကိန်းက ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် လုပ်ဆောင်လျက် ရှိနေပေမယ့် သူ့ကို လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူချင်နေပြီး ပြင်သစ် မီဒီယာတွေရဲ့ ဖော်ပြချက်မှာလည်း ပီအက်စ်ဂျီက ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ ဘာမဆို လုပ်ဆောင်သွားဖွယ်ပါ ရှိနေတယ်လို့ သိရပါတယ်။ ပြင်သစ်ကပဲ ဖော်ပြထားတဲ့ သတင်းအရ စပါး ဥက္ကဌ ဒန်နီရယ် လီဗီးအနေနဲ့ ကိန်းကို သက်တမ်းတိုးဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ရင် အသင်းကနေ ယူရို (၁၁၆)သန်းနဲ့ ရောင်းထုတ်သွားမယ်လို့ ဖော်ပြထားရာ ဒီတန်ကြေးအတိုင်းသာဆို ဘိုင်ယန်က ကိန်းကို ခေါ်ယူဖို့ လက်လျှော့သွားနိုင်လောက်ပါတယ်။

Photo Credit : Paris Saint-Germain

   ဒီအချိန်မှာ ပီအက်စ်ဂျီအသင်းက သူတို့ရဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး ဇာဗီ ဆိုင်မွန်ကို PSV အသင်းကနေ buy back clause နဲ့ ပြန်လည် ခေါ်ယူထားတာဖြစ်လို့ ဟယ်ရီကိန်းကို ကမ်းလှမ်းရာမှာ ဆီမွန်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ပါ ထည့်သွင်း ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။ ဒီကမ်းလှမ်းမှုမျိုးနဲ့သာဆိုရင် စပါးအသင်းဘက်က လက်ခံနိုင်လောက်ဖွယ် ရှိနိုင်တယ်လို့ ပီအက်စ်ဂျီတို့ ယူဆထားကြောင်းကိုလည်း နာမည်ကြီး ဘောလုံး သတင်းထောက် ဒီမာဇီယိုက ဖော်ပြထားခဲ့ပါတယ်။

ပီအက်စ်ဗွီကနေ အသင်းဟောင်း ပီအက်စ်ဂျီကို ပေါင် (၅)သန်းနဲ့ ပြန်လည် ရောက်ရှိလာခဲ့တဲ့ အသက် (၂၀)အရွယ် နယ်သာလန် ကစားသမားလေး ဆိုင်မွန်ဟာ ကွင်းလယ် တိုက်စစ်နေရာ ဘယ်တောင်ပံ ညာတောင်ပံတွေအထိ လိုက်လံ ကစားနိုင်သလို မနှစ်က တစ်ရာသီလုံးမှာ (၂၂)ဂိုးသွင်း (၁၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

Exit mobile version