MySport Myanmar

ဘာပေကို လက်လွတ်လိုက်ရမယ်ဆိုရင် လီယာအိုနဲ့ ပြန်အစားထိုးသွားမယ့် ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေကို လက်လွတ်လိုက်ရမယ်ဆိုရင် သူ့နေရာမှာ ပြန်လည် အစားထိုးနိုင်ဖို့အတွက် အေစီမီလန်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဖယ်လ် လီယာအိုကို ပြန်လည် ခေါ်ယူမယ်လို့ သိရပါတယ်။

ဘာပေဟာ ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးမှာဖြစ်ပြီး 1 year option ပါဝင်ပေမယ့် ဘာပေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်မှာ ဖြစ်သလို သူ့ကိုလည်း ရီးယဲလ်မက်ဒရစ်အသင်းက အတော်လေး စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Transfermarket

ပီအက်စ်ဂျီကတော့ သူတို့အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်သူ ဘာပေကို အသင်းမှာသာ ဆက်လက် ရှိနေစေချင်ပြီး ဒီအတွက်လည်း ဘာပေ ငြင်းဆန်ရ ခက်ခဲစေနိုင်မယ့် မက်လုံးများနဲ့ စာချုပ်သစ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖို့လည်း ရှိနေပါတယ်။

ပီအက်စ်ဂျီက ဘာပေကို ကမ္ဘာပေါ်မှာ ဘယ်ဘောလုံးသမားမှ မရဖူးသေးတဲ့ တစ်ပတ်လုပ်ခမျိုးနဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းလာနိုင်ပေမယ့်လည်း ဒါကို ဘာပေဘက်က လက်မခံပဲ အသင်းကနေ ထွက်ခွာမယ်ဆိုရင်တော့ သူ့နေရာမှာ လီယာအိုနဲ့ အစားထိုးဖို့ ချိန်ရွယ်လာခဲ့ပါတယ်။

Photo Credit : Football Italia

အသက် (၂၄)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ဘယ်တောင်ပံကစားသမား လီယာအိုဟာ မီလန်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး မီလန်မှာ မကစားခင်ကလည်း လိုင်လီအသင်းနဲ့အတူ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ တစ်ရာသီခန့်လောက်အထိ ကျင်လည်ခဲ့ဖူးပါတယ်။

လီယာအိုဟာ မီလန်နဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို မီလန်ရဲ့ အဓိက ကစားသမားလည်း ဖြစ်နေတာကြောင့် ခေါ်ယူဖို့ ခဲယဉ်းနိုင်ပေမယ့် ပီအက်စ်ဂျီဘက်က ဘာပေကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် ယူရို သန်း(၉၀)လောက် တန်ကြေးရှိတဲ့ လီယာအိုကို အရ ခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version