ပီအက်စ်ဂျီအသင်းဟာ ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူသွားဖို့အတွက် ရာမို့စ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားခဲ့ပြီးနောက် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ပါ နီးစပ်နေပြီလို့ သိရပါတယ်။
ဒီနွဈေးကွက်ထဲမှာ ကစားသမား ဖြည့်တင်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ ပီအက်စ်ဂျီက အခုလည်း အသင်း တိုက်စစ်ပိုင်းအတွက် ပေါ်တူဂီ တိုက်စစ်မှူး ရာမို့စ်ကို ထပ်မံ ခေါ်ယူသွားဖို့ပါ အခြေအနေ ကောင်းလာခဲ့ရပါတယ်။
Photo Credit : Twitter
ပီအက်စ်ဂျီက ဒီနွမှော မက်ဆီနဲ့ လက်တွဲဖြုတ်ခဲ့ရသလို အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်နေတော့တဲ့ ဘာပေကလည်း အသင်းဘက်က ကမ်းလှမ်းထားတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားပြီး သူ့ကို အသင်းက ရောင်းထုတ်ဖို့ လုပ်ဆောင်ခြင်းကိုလည်း လက်မခံပဲ အသင်းမှာ စာချုပ် ကုန်ဆုံးချိန်ထိ ဆက်နေသွားဖို့သာ စီစဉ်ထားပါတယ်။
ဒီလို အခြေအနေမှာ ပီအက်စ်ဂျီက တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ လိုအပ်လာခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ ပြင်သစ် တောင်ပံ တိုက်စစ် ကစားသမား အူစမန် ဒမ်ဘီလီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားသလို အခုလည်း ကလပ်အသင်းကြီးတိုင်း စိတ်ဝင်စားနေတဲ့ ဘင်ဖီကာ တိုက်စစ်မှူး ရာမို့စ်ကိုပါ ထပ်မံ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Get Frech Football News
လက်ရှိမှာတော့ ပီအက်စ်ဂျီက ရာမို့စ်နဲ့ သဘောတူညီမှု ရရှိထားပြီဖြစ်လို့ ဘင်ဖီကာအသင်းနဲ့ သဘောတူညီရဖို့ လိုအပ်နေသေးပြီး ရာမို့စ်အတွက် ပြောင်းရွှေ့ကြေးရော အပိုဆုကြေးပါ အပါအဝင် ယူရို သန်း(၈၀)နဲ့ ကမ်းလှမ်းထားမှု ဘင်ဖီကာဘက်က လက်ခံသွားဖို့ ရှိနေတဲ့အတွက် ဒီတစ်ပတ်အတွင်းမှာပဲ အပြောင်းအရွှေ့က ပြီးမြောက်ဖို့ ရှိနေပါတယ်။
ပီအက်စ်ဂျီကတော့ ပေါ်တူဂီ တိုက်စစ်မှူး ရာမို့စ်ကို ၂၀၂၈ခုနှစ်အထိ သက်တမ်းရှိတဲ့ (၅)နှစ် စာချုပ်ကို ချုပ်ဆိုသွားမှာဖြစ်ပြီး ရာမို့စ်သာ ရောက်လာခဲ့မယ်ဆိုရင်တော့ အက်ခီတီခီကို အသင်းကနေ အမြန်ဆုံး ရှင်းထုတ်သွားဖွယ်လည်း ရှိနေပါတယ်။