MySport Myanmar

ပိုချက်တီနိုကို ထုတ်ပယ်ပြီး ကွန်တီကို နည်းပြသစ် ခန့်ဖို့ စဉ်းစားနေတဲ့ ပီအက်စ်ဂျီ

ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီဟာ မကြာမီကမှ သူတို့အသင်းကို လီဂူးဝမ်း ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးထားနိုင်တဲ့ နည်းပြ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပြင်သစ် လီဂူးဝမ်းရဲ့ ပြိုင်ဘက်ကင်းအသင်းလို့ သတ်မှတ်ခံထားရတဲ့ ပီအက်စ်ဂျီဟာ ယမန်နှစ် ဘောလုံးရာသီမှာ လိုင်လီထံ လွှဲပြောင်းပေးခဲ့ရတဲ့ ပြည်တွင်းချန်ပီယံဘွဲ့ကို ယခုနှစ်မှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပေမယ့် အသင်းရဲ့ အဓိက ဦးစားပေးပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ၁၆သင်း ရှုံးထွက်အဆင့် ကနေ လှည့်ပြန်ခဲ့ရပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ပီအက်စ်ဂျီ ဘုတ်အဖွဲ့က အသင်းနည်းပြ ပိုချက်တီနိုရဲ့ အရည်အသွေးအပေါ် သံသယ ဝင်နေတာ ဖြစ်ပြီး ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒို ကိုယ်တိုင် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ သုံးသပ်နေကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ LePerisen သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကလည်း ပီအက်စ်ဂျီ ဘုတ်အဖွဲ့က ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီက ပီအက်စ်ဂျီရဲ့ နည်းပြရာထူးကို ရယူဖို့ စိတ်ဝင်စားနေကြောင်းလည်း ဆိုပါတယ်။

Photo Credit: Mirror

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီဟာ ယခုနှစ် ရာသီဝက် ကာလကမှ စပါးထံ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် စပါးဥက္ကဌ လီဗိုင်းရဲ့ ကစားသမားသစ် ခေါ်ယူပေးမှုတွေကို အားမရတာကြောင့် အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပြီး ပီအက်စ်ဂျီကလည်း ဇီဒန်းကို မခေါ်နိုင်ခဲ့ပါက ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖွယ် ရှိနေပါတယ်။

Exit mobile version