ချန်ပီယံလိဂ်ပွဲစဉ်တွေကတော့ ဒီကနေ့မှာပဲ ပြန်လည်စတင်လာခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စုအဆင့် ပွဲစဉ်တွေအားလုံး အဆုံးသတ်သွားချိန်မှာ စိတ်ဝင်စားဖွယ် ရှုံးထွက်ပွဲစဉ်တွေကနေ ပြန်လည်ကြည့်ရှုရတော့မယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေရဲ့ ပွဲစဉ်တိုင်းလိုလိုမှာ အထူးစိတ်ဝင်စားစရာ အကြောင်းအရာတွေ ပြည့်နက်နေတာမို့ ဒီအကြောင်းအရာတွေကို သေချာ တင်ဆက်ပေးသွားချင်ပါတယ်။

စပို့တင်းလစ္စဘွန်း နဲ့ မန်ချက်စတာစီးတီး

Nhận định Sporting Lisbon vs Man City (3h00 ngày 16/2)

Photo Credit : Bong da

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ အသင်းက မန်စီးတီးပါ။ ပြီးခဲ့တဲ့ရာသီမှာ ဖိုင်နယ်ထိ တတ်လှမ်းနိုင်ခဲ့တဲ့ စီးတီးတို့ ဒီနှစ်မှာ ချန်ပီယံဖြစ်လာအောင် သေချာကြိုးပမ်းလာမှာ အမှန်ပါပဲ။ ဒါက ထူးခြားချက်တော့ မဟုတ်ပါဘူး။ ထူးခြားတာက မန်စီးတီးရဲ့ ပေါ်တူဂီ ကစားသမားတွေဖြစ်တဲ့ ရူဘင်ဒီယက်ဇ် ဘာနာဒိုဆေးလ်ဗားနဲ့ ဂျောင်ကန်ဆယ်လိုတို့ဟာ သူတို့ရဲ့ ကစားသမားဘဝ စတင်ခဲ့ရာ ပေါ်တူဂီ မြို့တော်ကြီးဖြစ်တဲ့ လစ္စဘွန်းမြို့ကို ပြန်လည်သွားရောက်ရမှာ ဖြစ်သလို သူတို့ရဲ့ ကနဦး ကလပ်အသင်းဖြစ်တဲ့ ဘင်ဖီကာရဲ့ မြို့ခံအသင်း စပို့တင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာက စိတ်ဝင်စားစရာပါ။ ဒီကစားသမားတွေအပြင် မန်စီးတီးရဲ့ ဘရာဇီးလ်ဂိုးသမား အီဒါဆင်ဟာလည်း လစ္စဘွန်း အခြေစိုက် ဘင်ဖီကာအသင်းမှာ သူရဲ့ကစားသမားဘဝကို စတင်ခဲ့တာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ မန်စီးတီးနဲ့ စပို့တင်းတို့ဟာ ချန်ပီယံလိဂ်မှ တစ်ကြိမ်မှ မဆုံဖူးကြသေးတာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ နဲ့ ရီးယဲလ်မက်ဒရစ်

Paris Saint-Germain vs Real Madrid Champions League: Live streaming, PSG vs  RMA Dream11, time & where to watch

(၁၆)သင်းအဆင့်အတွက် မဲနှိုက်ရာမှာ အမှားအယွင်းတွေ ရှိခဲ့လို့ မဲနှိုက်မှုကို နောက်တစ်ကြိမ် ပြန်နှိုက်ရာကနေ ဒီအသင်းနှစ်သင်းက ထိပ်တိုက်ဆုံလာခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းမှာ ရီးယဲလ်ကစားသမားဟောင်းတွေဖြစ်တဲ့ ရာမို့စ် ဒီမာရီယာ နာဗက်စ် ဟာကီခီတို့ ရှိနေတဲ့အပြင် သူတို့အသင်းဘက်ကို အယ်ဂလက်စီကိုဒါဘီ ပွဲတိုင်းမှာ ဂိုးတွေသွင်းယူတတ်တဲ့ ပြိုင်ဘက်ဟောင်းကြီး မက်ဆီလည်း ရှိလို့နေပါတယ်။ နောက်ပြီး ရီးယဲလ်ဘက်က အလိုရှိနေတဲ့ ဘာပေပါ ပီအက်စ်ဂျီဘက်မှာ ရှိနေတာက အလွန့်အလွန်ကို စိတ်ဝင်စားစရာပါ။ လက်ရှိမှာ ရာမို့စ်က ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ရမှာ ဆိုပေမယ့် မက်ဆီနဲ့ ဘာပေတို့က ချန်ပီယံလိဂ် အအောင်မြင်ဆုံး အသင်းကြီးကို ဘယ်လိုဒုက္ခပေးမလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ နှစ်သင်းလုံးကလည်း ဒီရာသီ ချန်ပီယံလိဂ် အုပ်စုတွင်း အိမ်ကွင်းနဲ့ အဝေးကွင်းပွဲစဉ်တွေမှာ နိုင်ပွဲဆက်တိုက် ရယူထားကြတဲ့ အသင်းတွေဖြစ်လို့ အခု တွေ့ဆုံမှုက စိတ်လှုပ်ရှားဖို့ကောင်းနေရပါတယ်။